I can only imagine 38

Start from the beginning
                                    

"အင့်.. မောင် ဆေးသောက်လိုက်အုံး''

မြတ်နိုးရာ လက်ထဲက ဆေးတွေကို ယူ၍ တစ်မော့တည်း သောက်လိုက်တော့ အသေးလေးက နံဘေးကနေ စိုးရိမ်စွာ ကြည့်နေပြီး

"အဆင်ပြေလားဟင် ရင်ခံနေရအောင် ဘာတွေများ စားထားလို့လဲ အခု ထမင်းစားလို့ ဝင်ပါ့မလား မသိဘူး ငါက မောင် ကြိုက်တဲ့ ဝက်သားဟင်းလေး ချက်ထားတာ''

"မောင် စားဖြစ်တော့မှာ မဟုတ်ဘူး မောင် ပင်ပန်းနေပြီ  ရေမိုးချိုးပြီး အိပ်တော့မယ် မင်းလည်း
အိပ်တော့လေ ''

"မောင် တကယ် ဘာမှ မဖြစ်ပါဘူးနော် ''

"ဟင့် ဘာဖြစ်လို့လဲ မောင့်မျက်နှာက ဘာဖြစ်နေလို့လဲ ''

"ခုနက ငါ ပြောတာတွေ မောင် ယုံတယ်မလားဟင်''

အသေးလေးဟာ ထိုစကားကိုပဲ ထပ်မေးလာပြန်သည်။ ကျွန်တော် ဘယ်လို ပြန်ဖြေလိုက်ရမလား။ သူ့ကို အလုံးစုံ ယုံပေမယ့် အခြေအနေတွေက တစ်စက်ကလေးမှ ယုံချင်ဖွယ်ရာ မရှိ။

"မောင် စိတ်ထဲ မထားတော့လို့ မသိတော့ဘူး
မင်းလည်း ဒီအဖြစ်အပျက်ကို ထပ်ပြီး ရှင်းပြစရာ
မလိုသလို မောင်လည်း နောက်ထပ် မနားထောင်ချင်တော့ဘူး ''

"မောင် ငါ့ကို အဖြေတစ်ခု ရှင်းရှင်းလင်းလင်း
ပေးသင့်တယ် မထင်ဘူးလား ငါတို့နှစ်ယောက်မှာ ချမ်းသာတာဆိုလို့ အချစ်တွေ ယုံကြည်မှုတွေပဲ
ရှိတာပါ ငါတို့ ဒါတွေကိုမှ မထိန်းချုပ်နိုင်ရင်
အဆင်မပြေမှာ မဟုတ်ဘူး ဆိုတာ ငါ့ထက်
မောင်က ပိုသိမှာပါ ဒါကြောင့် ငါ အရာအားလုံး
ရှင်းပြနေတာပါ မောင်၊ ဒီလို ရှင်းပြနေတယ်
ဆိုတာလည်း ငါ မောင့်ကို ချစ်လို့ ''

"အင်းပါ မောင် သိပါတယ် ဒီကိစ္စတွေ ဒီနေရာမှာတင် တော်လိုက်ရအောင်နော် ''

နှစ်ယောက်တည်း ရှိတဲ့ အိမ်လေးဟာ တစ်ဖန်
တိတ်ဆိတ်သွားပြန်သည်။ ကျွန်တော် အသေးလေးကို ယုံတယ် အသေးလေးကို ယုံကိုယုံမှ ရမှာ။ လှည့်စားနေတယ် ဆိုတာ သိသိကြီးနဲ့တောင်မှ
ကိုယ့်ဆီက မထွက်သွားဖို့အရေး ဟန်ဆောင်သင့်တာ ဟန်ဆောင်ရမည်။ အသေးလေးရယ် မင်း
သိရဲ့လား မောင်က မင်းနဲ့ ပတ်သက်မှပဲ ဟန်ဆောင်ခြင်းအတတ်ပညာကို ကျင့်သုံးမှ ရတော့မှာ
ဒါမှလည်း မင်း မောင့်ဆီက မထွက်သွားမှာပေါ့။

I can only imagine Where stories live. Discover now