အချစ် = သားသား ဂုေဏာ အန​ေႏၲာ

489 60 3
                                    


သင်္ကြန်အခါတော် ရေကစားကြတာ ပျော်ရွှင်စွာ xxx လောင်းကာ ပက်ကာ မောင်ရင်းနှမ ပမာ xx ကြည်လင်စွာ xx ဪ xxxx ရေကစားမမှာxx ရေကစားမှာ  xx ညိုမြတော့ အခေါ်မခံနိုင်ဘူး ဆရာ x

ဟိုဟိုဒီဒီပျံ့လွင့်လာတဲ့ သင်္ကြန်သီချင်းတွေနဲ့ အတူသင်္ကြန်ကို အင်မတန်ချစ်သော မြန်မာလူမျိုးတွေပီပီ တစ်လလောက်ကြိုတင်ပြီး သင်္ကြန်ကို မျှော်နေကြပြီ ..

လမ်းထဲ ဝင်လာတဲ့ ထီလှည်းက အစ ဈေးဆိုင်တွေ store တွေအပြင် Shopping Mall တွေမှာပါ သြင်္ကန်သီချင်း ချိုချိုအေးအေးတွေ ကြားရသည် ..

မတ်လလယ်ပဲရှိပါသေးရဲ့ .. အပူဒဏ်က စပြီ .. ဒီနှစ် မေလတော့ Seoul ကို ပြန်ဖို့ရည်ရွယ်ထားသည် .. နောက် ကွမ်ကျိုးကိုလည်း ပြန်ကြမည် ..

သားသားကို ဆွေပြမျိုးပြဖို့ အချိန်တန်ပြီလေ .. လက်ထပ်ခွင့်တောင်းထားက ဒင်းကလေးမွေးနေ့ November ကတည်းက .. အခုပဲ နွေရောက်ပြီ .. တခုခုတော့ စီစဉ်သင့်ပြီလေ ..

နွေရောက်ပြီသာပြောရတယ် ဆောင်းရာသီကို ထူးထူးခြားခြားတောင် မခံစားလိုက်ရဘူး .. နှစ်ညလား သုံးညလားပဲ Aircon ပိတ်ထားပြီး အိပ်ရသည် .. ကျန်တဲ့ ရက်တွေ ဒုံရင်းပါပဲ ..

မီးခိုချောင်ထဲက ထမင်းစားပွဲမှာ အသာထိုင်ပြီး ဘောပင်ကိုင်ကာ ဈေးဖိုးတွက်နေရသည် .. ကျွန်တော့်ကလေးကတော့ စာမေးပွဲဖြေတော့မယ်လေ .. Master ဒီတနှစ်ပြီးရင် ဘွဲ့ထပ်ယူရပြီဆိုတော့ သူလည်း ကုန်းရုန်းပြီး ကြိုးစားနေလေရဲ့ ..

အင်းယားလမ်းအိမ်မပြန်တော့ဘဲ ကျွန်တော့်အိမ်မှာ လာနေနေတာ ဒီနေ့နဲ့ဆို သုံးရက်.. ထုံးစံအတိုင်း Yukhei ကျွေးတာစား Yukhei ကို နိုင်စားနေရင်းကနေ ခွေးဖြူ နှစ်ကောင်ကိုက်ပြီး ဒီဘက်အိမ်ပြန်ရောက်လာတာ ..

အခန်းထဲမှာ aircon ကို စိမ့်နေအောင်ဖွင့်ပြီး စာလုပ်နေလေရဲ့ .. ကျွန်တော့်ကိုလည်း မောင်းထုတ်ထားလို့ အခုလို မီးဖိုချောင်ထဲ လာနေနေရတာ .. သူ အာရုံစိုက်လို့ မရဘူးဆိုပဲ ..

Aircon ဆိုမှပဲ မနေ့ကရောက်လာတဲ့ မီတာစာရွက်ကို သတိရပြီး သွားယူရသည် .. ဒီလ မီတာက လေးသောင်းကျော် .. နွေပူပူမှာ သွေးက ဒိတ်ခနဲ တိုးသွားသလို ..

အခ်စ္ { Krisyeol }Where stories live. Discover now