အချစ် = အိမ်သား (uni)

273 49 10
                                    


" ကြာဦးမှာ .. နောက် သုံးလေးရက် .. "

" ………… "

" မလွှတ်နဲ့ .. Chan က ကလေးလား .. 22 နှစ်ရှိပြီနော် arpugyi .. "

" …………… "

" Chan ညက ပြောပြီးပြီလေ .. Sam လည်းပါတယ်ဆိုတာကို .. Sam နဲ့စကားပြောမလား? "

"………… "

" Arpugyi ... !!"

အကျယ်ကြီးထအော်ပြီးမှ ကျွန်တော့်ကို စပ်ဖြဲဖြဲနဲ့မော့ကြည့်တယ် .. သူ့ arpugyi နဲ့အချေအတင်အော်ဟစ်နေပြီးမှ ကျွန်တော့်ကို အားနာသွားတဲ့ပုံလေး ..

" အင်း ... သိပြီ .. ခဏကိုင်ထား .. "

နှုတ်ခမ်းလေးကိုချွန်ပြီး ပွစိပွစိ .. ညကတည်းက Korea ကို ph ဆက်ပြီး တိုက်စစ်ဆင်နေတာ .. ပုပ္ပါးကနေ ပုဂံကိုရောက်ရောက်ချင်း ဘယ်မှမသွားဖြစ်ကြ .. Hotel မှာ အခန်းယူပြီး အိပ်လိုက်ကြတာ နောက်တနေ့မိုးလင်းထိ .. ခရီးတော်တော်ပန်းသွားတာ ..

" ဆရာ .. Arpugyi က စကားပြောချင်နေတယ်... စိတ်မရှိပါနဲ့နော် .. စကားပြောပေးလို့ရမလား .. "

Ph လေးကို ရင်ဘတ်မှာကပ်ထားပြီး မျက်နှာငယ်လေးနဲ့ ... မနက်စာတွေ သူ့စိတ်ကြိုက်ယူထားပြီး အခုထိ မတို့မထိရသေး .. ဗိုက်ဆာနေတော့ နဂိုထက်နှစ်ဆ စိတ်မကြည်ဖြစ်နေရှာတာ ..

ပြုံးပြီးခေါင်းငြိမ့်ပြတော့ ချက်ချင်းပဲ ph ကို ကမ်းပေးတယ် ..

ချောင်းတချက်ဟန့်ပြီး ph ကို နားမှာကပ်လိုက်သည် ..

" Sam.  ဦးက Chanyeol အဖေပါ .. "

" Nae..  Annyeonghaseyo Arpugyi.. Wu YiFan mita .. "

" Sam ကို အားနာလိုက်တာ .. ရထားပေါ်မှာတွေ့တယ်ပြောတယ် .. ဒီကလေးက စွတ်ကယ်စွတ်ကယ်သွားတော့တာ .. စောင့်ရှောက်ပေးထားလို့ကျေးဇူးတင်ပါတယ် .. "

" ရပါတယ်ဗျာ .. အပန်းမကြီးပါဘူး .. Chanyeol က စူးစမ်းလိုစိတ်ရှိပြီး လိမ္မာပါတယ် .. "

" ဟုတ်ကဲ့ခင်ဗျ .. Hotel စားရိတ် ဦး ရှင်းထားပြီးပြီ .. ကားစီစဉ်ပေးမယ်ဆိုတာ Chanyeol ကလက်မခံဘူး .. ထပ်ပြီး အားနာပါဦးမယ် .. Chanyeol ကို ဂရုစိုက်ပေးပါ .. "

" ဟာ .. အားနာစရာကြီး .. စိတ်ချပါ .. "

" ဟုတ်ကဲ့ ... Seoul ရောက်တော့မှပဲ တစ်ရက် ညစာစားကြတာပေါ့ .. "

အခ်စ္ { Krisyeol }Where stories live. Discover now