အချစ် = ချော့နည်း​​​ခြောက်ဆယ် (uni)

341 45 3
                                    


" Chanyeol ... Chanyeol ...  ဟေ့ကောင် ..
ထ .. ညစာစားမယ် ... "

သူ့ ဘဲကြီးကို စိတ်ကောက်ပြီး အိပ်သွားလိုက်တာများ မနည်းနှိုးယူရတယ် .. မျက်နှာမှာလည်း မျက်ရည်စီးကြောင်းကြီးနဲ့ ...

ဟူးးး ခက်ပါတယ်နော် ..

" ဟင်.. ဘယ်ကိုရောက်တာလဲ. ?"

" အမြန်လမ်းပေါ်ရောက်နေပြီ ... 115 မိုင်မှာ အခု ... ထ .. ညစာစားရအောင် ... ဆယ်နာရီထိုးနေပြီ ..."

အိပ်မှုံစုံမွှားနဲ့ မျက်နှာတွေပွတ် ဆံပင်တွေသပ်တင်ပြီး ကျွန်တော့်နောက်ကို အူကြောင်ကြောင်ရုပ်နဲ့ လိုက်ခဲ့လေရဲ့ ... 

ကားပေါ်ကဆင်းတော့ မိုးတွေကသည်းလို့ .. ကွင်းပြင်ကျယ်ကြီးလိုဖြစ်နေတော့ လေတွေက တဟူးဟူး ... မိုးက သည်းလိုက်တာများ ခေါက်မတင်ထားမိတဲ့ ဘောင်းဘီအောက်ဖျားတွေ အကုန်စိုကုန်တော့တာပဲ ..

Chanyeol ကို ကြည့်တော့လည်း ရှုံ့တွလို့.
သူလည်း အကုန်စိုကုန်ပြီလေ .. ခပ်မြန်မြန်ပဲ feel ထဲကို ပြေးဝင်လိုက်ရတော့တယ် ...

Toilet ဝင်ပြီးလို့ နေရာယူပြီးတဲ့အထိကို Chanyeol က ကောင်းကောင်းနိုးတဲ့ ပုံမပေါ်ဘူး .. ငေါင်စင်းစင်းနဲ့ ...

မျက်နှာလည်း တစက်မှမကောင်းဘူး .. ခက်တာပါပဲ ...

အိုးကြီးနဲ့ ပူပူလောင်လောင်ချက်ထားတဲ့ ရွှေဥမုန့်ဟင်းခါးက ကျွန်တော့်ကို ဆွဲဆောင်နေတယ် ... ညဆယ်နာရီ မှောင်မှောင်မဲမဲ အမြန်လမ်းအလယ်က ယာဉ်ရပ်နားစခန်းမှာ စားမယ့် ညလယ်စာက မုန့်ဟင်းခါးတဲ့ ..  နည်းနည်းတော့ ဂွကျပေမယ့် အရသာရှိမယ့်ဟာပဲ စားမှာပေါ့နော့ ..

Chanyeol ကတော့ အိပ်ချင်မူးတူးနဲ့ ထမင်းဆီဆမ်းရယ် အမဲခြောက်ဖုတ်ရယ် မှာနေလေရဲ့ ...

ရေနွေးဓာတ်ဘူးကို မပြီး ... တခါသုံးခွက်တွေထဲကို ရေနွေးနှစ်ခွက်ငှဲ့လိုက်တယ် .. မိုးရေတွေ ထိထားတော့ လူက ချမ်းစိမ့်နေတာပဲ .. လေပြင်းပြင်းတိုက်နေလိုက်တာများ ဆိုင်အတွင်းထဲမှာ ထိုင်နေတာတောင် စိမ့်လို့ ...

အခ်စ္ { Krisyeol }Where stories live. Discover now