အချစ် = ပန်းစကား

329 46 6
                                    


" သားသားကို ပြောပြီးသားလေ .. ကိုကို မကြိုက်ဘူးလို့ ပြောရင် ဆက်မလုပ်ပါနဲ့လို့ .. "

" အခုက ဘာဖြစ်လို့လဲ .. အဲ့ဒါ ရယ်ရတဲ့ စကားတဲ့ ကိုဖေတို့က ပြောတာ .. သူတို့ သင်ပေးလို့ သားသားလည်း လိုက်ပြောတာလေ .. "

" သင်ပေးတိုင်းပြောရအောင် မင်းက ဦးနှောက်မပါဘူးလား "

" ကိုကိုကလည်း ... သားကိုပဲ ဆူနေတာပဲ "

ဆူလိုက်တော့ ဆောင့်ကြီးအောင့်ကြီးနဲ့ တိုက်ပေါ်က ပြေးဆင်းသွားသည် .. ဝရန်တာကနေ ပြေးထွက်ကြည့်တော့ စက်ဘီးပေါ် တက်ခွပြီးသား ..

" Park Chanyeol!! စက်ဘီးမစီးနဲ့ ကားရှုပ်ပါတယ်ဆို .. "

အပေါ်ကနေ လှမ်းအော်တာကို မကြားချင်ယောင်ဆောင်ပြီး ထွက်သွားတော့သည် .. စမ်းချောင်းထဲ ကားရှုပ်လွန်းလို့ စက်ဘီးမစီးပါနဲ့လို့ အတန်တန်မှာထားတာကို ရွဲ့သွားတာ ..

Park Chanyeol ရေ .. Park Chanyeol .. ငါ့ရုပ်လည်း အသက်ထက်ကို အိုစာနေပြီ ..

စက်ဘီးနဲ့ ထွက်သွားတဲ့ ဒင်းလေးနောက်ကို မလိုက်အားသေးဘူး .. ပြဿ      နာရှင်းရဦးမယ် ..

အခန်းထဲမှာ အားသွင်းထားတဲ့ ph ကို သွားဖြုတ်ပြီး ကိုဖေ့ကို ph ဆက်လိုက်သည် .. Ph ကလည်း 24hr အားသွင်းနေရတယ် ..  အိမ်မှာ Myanmar Net တပ်ထားပြီးကတည်းက Park Chanyeol တို့ သူ့ ph နဲ့ လိုင်းသုံးလိုက် Game ဆော့လိုက် .. အားကုန်ရင် ကျွန်တော့် ph နဲ့ဆော့လိုက် .. Laptop တောင် ရှိခိုးတောင်းပန်ပြီး အလုပ်လုပ်ဖို့ ယူထားရတယ် ..

" Hello! ကိုဖေ .. "

" ဟုတ်ကဲ့ ဆရာ .. ဘာကိစ္စရှိလို့လဲဗျ .. "

" မင်း Chanyeol ကို ဆဲနည်းတွေ သင်တယ်မလား .. "

" ဟို ဆရာ ... အဲ ... မသင်ပါဘူး ဆရာရဲ့ "

" မင်းတို့ မသင်ဘဲ Chanyeol က ဆဲမလား ကွ .. ဗန်းစကားတောင် လိမ့်ပတ်လည်တတ်သေးတာ မဟုတ်ဘူး ..  တခွန်းစ နှစ်ခွန်းစ ပြောနေတာလေ .. ဆဲတယ်ဆိုတာ ကောင်းကောင်းနားလည်မှာလည်း မဟုတ်ဘူး .. မေးတုန်းကို ဖြေ .. မဟုတ်ရင် အမှုပိုကြီးမယ် .. "

အခ်စ္ { Krisyeol }Där berättelser lever. Upptäck nu