အချစ် = ကိုကို ထူမှ ထမယ် (uni)

352 49 0
                                    


အမြန်လမ်းပေါ်က မဆင်းခင် ရပ်နားစခန်း တစ်ခုမှာနားပေးတော့ ကပျာကယာဆင်းပြီး မျက်နှာသစ်လိုက်သည် .. ဒါလည်း Yukhei နှိုးလို့ပါ .. ကိုယ့်ဘာသာဆို စစ်ကိုင်းရောက်တောင် နိုးမှာမဟုတ်ဘူး ..

အဲ့ဒါ ဟို Wu YiFan ဂျီတိုက်ကြီးကြောင့် .. ကလေးကို အလိုလိုက်မယ်မရှိဘူး တပြန်စိတ်ကောက်နေတယ် .. မသိဘူး ဒီနေ့ကစပြီး Wu YiFan နာမည်က ဂျီတိုက်ပဲ...

စစ်ကိုင်းမြို့ထဲစတင်ဝင်ရောက်တော့ ကျွန်တော့်မှာ အတွေးမပွားရဲတော့ ... ပတ်ဝန်းကျင်မြင်ကွင်းတွေကို မလွတ်တမ်းငေးကြည့်နေမိတယ် ..

နေရာဒေသအသစ်တွေကို စူးစမ်းရတာကြိုက်တဲ့ ကျွန်တော့်အတွက် ခရီးထွက်ရတာက ပျော်ရွှင်မှုတစ်ခုပဲ .. မြန်မာနိုင်ငံက သိပ်အံ့ဩဖို့ကောင်းတယ် .. ဒေသ တစ်ခုနဲ့ တစ်ခု မတူညီတော့တဲ့ အခေါ်ဝေါ် အသုံးနှုန်းတွေ .. တနေရာချင်းစီရဲ့ နာမည်ကြီး အစားအသောက်တွေ .. စူးစမ်းလို့ ကုန်နိုင်ဖွယ်မရှိ ..

စစ်ကိုင်းတံတားပေါ်တက်တော့ ပတ်ဝန်းကျင် တောင်ပတ်လည်မှာ စေတီပုထိုးတွေက ရွှေရောင်တဝင်းဝင်း ... မနက်ခုနစ်နာရီနေရောင်အောက်မှာ စေတီတွေနဲ့အတူ ကမ်းကပ်ထားတဲ့ စက်လှေတွေကလည်း တည်တည်ငြိမ်ငြိမ် ...

ကျွန်တော်တင်မဟုတ် Yukhei ဆို ခေါင်းကို 360°လည်အောင် ပတ်ဝန်းကျင်ကို လိုက်ကြည့်တာ ...

စစ်ကိုင်းတံတားကြီးပေါ်က ဆင်းလာပြီး စစ်ကိုင်းမြို့ထဲကို ဝင်တော့ ကားပေါ်က လူတွေ လှုပ်လှုပ်ရွရွဖြစ်လာကြရော ..

မိန်းကလေးတွေဆို ခေါင်းဖီးတဲ့လူကဖီး.. အလှပြင်တဲ့လူကပြင် ... အခုမှနိုးလာတဲ့ လူတွေကလည်း ကျီးကန်းတောင်းမှောက်နဲ့ အပြင်ကိုကြည့် ..

အဟင်းဟင်း ... ကိုယ်တို့တော့ မျက်နှာကို စတိုင်ကျကျသစ်ပြီးပြီ .. အခုမှနိူးလာတဲ့ကောင်တွေတော့ ဘယ်လိုစခန်းသွားမယ် မသိ ...

" အဟမ်း.. အဟမ်း..  အားလုံးပဲနားထောင်ပေးပါ .. "

ကိုဖယ်က မိုက်ကြီးတကားကားနဲ့ ဩဝါဒခြွေဖို့အသင့်.. ဒီနေ့အတွက် အစီအစဉ်တွေကို ပြောပြမယ် ထင်ပါရဲ့ ..

အခ်စ္ { Krisyeol }Where stories live. Discover now