အချစ် = မောင်မွှေးထုံ (uni)

337 54 6
                                    


ပူလိုက်တာ ... ပူလိုက်တာဆိုတာလေ .. ကျွန်တော် ဘယ်လိုစာဖွဲ့ပြရမယ်မသိဘူး ..

ကျောက်ပန်းတောင်းဘူတာမှာ ဆင်းပြီး ဆိုင်ကယ်ပေါ်ရောက်သည်အထိ ကျွန်တော့်မှာ အိပ်ချင်မပြေသေး .. လာကြိုတဲ့ ဆိုင်ကယ်နောက် ဘယ်လိုထိုင်လိုက်ခဲ့တယ်တောင်မသိ ..

လူက မူးရိပ်မူးရိပ်နဲ့ .. ခဏနားမယ့်အိမ်ကိုရောက်တော့ မနက် 8 နာရီခွဲတော့မယ် .. ကျွန်တော့် ဗိုက်ကလည်း နည်းနည်း ဆန္ဒပြလာသည် ..

ဗိုက်ဆာတာရော .. ဗိုက်နာတာရော xD .. အားနာနာနဲ့ပဲ ဆရာလိုက်ပြတဲ့ Toilet မှာ ကိစ္စရှင်းပြီး ရေပါချိုးလိုက်သည် ..

ရာသီဥတုက ပူပေမယ့် ရေကအေးလိုက်တာမှ .. စိမ့်နေတာပဲ .. အုတ်ကန်ကြီးကြီးထဲက ခပ်ချိုးရတယ် .. မိုက်လိုက်တာ .. korea မှာ ဒါမျိူးမရှိဘူး .. ချွေးထုတ်ခန်းသွားရင်တောင် ရေကူးကန်လို ဝင်စိမ်ရတာမျိုး ... တဗွမ်းဗွမ်းခပ်ချိုးရတာ သဘောကျတယ် ..

အုတ်ကန်ပတ်လည်ကို ကာရံထားပြီး သွပ်မိုး မိုးထားသည် .. ရေချိုးရုံပဲ ပြောရမလား .. ဟီး ဟီး ..

ဆရာ့နောက် အင်တင်တင်နဲ့ လိုက်လာမိပေမယ့် အုတ်ကန်ကြီးကြီးကို မြင်လိုက်ရတော့ သဘောကျမဆုံး .. လိုက်လာတာမှန်သွားတယ် ..

အားရပါးရ ရေချိုးပြီး သဘက်ကလေး ချုံပြီးထွက်လာတော့ အပေါက်ဝမှာ စောင့်နေတဲ့ ဆရာ ..

" လန်းဆန်းသွားပြီလား .. ရေချိုးလို့ကောင်းလား Chan .. ?"

ကျွန်တော် ခပ်သွက်သွက်ပဲ ခေါင်းငြိမ့်ပြလိုက်တယ် .. သွားတွေပေါ်အောင် ရယ်ပြီး နောက်ဖေးပေါက်ကနေ အိမ်မကြီးထဲဝင်လိုက်တော့ ရပ်စောင့်နေတဲ့ ဆရာ့တပည့် ..

နာမည်က ဘာလိုလား? ပြောပြပေမယ့် ကျွန်တော်မမှတ်မိ .. မြန်မာနာမည်တွေက မှတ်ရတာခက်တယ် ..

အိမ်က နှစ်ထပ် .. သစ်သားတွေနဲ့ဆောက်ထားပြီး သွပ်တော့မဟုတ်ဘူး .. ဘယ်လိုခေါ်မလဲ .. ငှက်ကလေးတွေ အိမ်ဆောက်သလို အမိုးမိုးထားတယ် ..

အခ်စ္ { Krisyeol }Where stories live. Discover now