အချစ် = ဆရာကိုကို (uni)

435 53 6
                                    

" ကိုကို .... 5min ပဲလေ ..."

" ငါးပိန်ကလာ ငါးရဲ့ အရှည်ကို တွက်ကြည့်မလား Park Chanyeol .. တိုင်းချွတ်ဘုရားကျောက်စာပါ ကြည့်ခိုင်းလိုက်မှာနော် ... "

မုန်းတယ် ... အင်မတန် သေမလို စောက်ရမ်းတွေ စောက်မြင်ကပ်နေပါပြီနော် ... အားးးး မရတော့ဘူး .. နည်းနည်းလေးမှ ယဉ်ကျေးလို့ မရတော့ပါဘူးနော် ..

" ဘာတွေ တွေဝေငေးမောနေတာလဲ ..? ခါးကိုမတ်မတ်ထား .. လုပ်. ဆရာကြီးဦဖေမောင်တင်ရဲ့ အညွှန်းကို ပြန်ဖတ် .. ပျူ စာလုံးတွေကို ဟာသထင်နေတာလား .. "

မြင်ကြတဲ့အတိုင်းပါပဲ .. အသားကုန်ငေါက်နေတာ ... ငေါက်ရတဲ့ အကြောင်းအရင်းကို မတ်မတ်တို့ သိရင်လည်း ဟော့ဒီ့က Chanyeol လေးကို * ရွတာကိုး ခံပေါ့ * လို့ ပြောကြမှာဖြစ်တဲ့ အတွက် Chanyeol လေး ပြောရမှာ တွန့်ပါတယ် ..

နောက်လ ဒုတိယပတ်အပြီးတင်ရတော့မယ့် Thesis ကို အခုထိ ဟုတ်တိပတ်တိမပြီးသေးတဲ့ Park Chanyeol လေးပါပဲ .. မပြီးဆို အဲ့လူကြီးပဲ အပြင်တွေလျှောက်ခေါ်သွားပြီး မုန့်ကျွေးနေတဲ့ဟာ .. သူ့ကြောင့်ပါနော် ..

ဒီနေရာမှာ နှစ်တစ်ထောင် FA Wong Yukhei ကို သေမလိုအားကျသွားပါပြီနော် .. ဒင်းက စာတွေ အကုန်ပြီးနေပြီ .. အင်းပေါ့လေ Date ရမယ့်လူ မရှိတော့ စာပဲ ကုန်းလုပ်မှာပေါ့ ..

အခုလို စာလည်းမပြီးတဲ့အပြင် exchange student junior လေးတွေ အဆွယ်ကောင်းလို့ ဒလဘက်လိုက်လည်ပြီး ထန်းရည်သောက်ခဲ့တာ ..

ကိုကိုလည်း ပြန်သိရော Chanyeol လေး အဆူခံရပါလေရော ... လူကိုလည်း အပေအတေ ကလေကချေ ထိန်းမရသိမ်းမရ သူတောင်းစားသာသာဖြစ်အောင် ပြောဆိုလိုက်တာများ ..

အခုလည်း သူ့အိမ်ကို ခေါ်ထားပြီး စာတွေချည်းလုပ်ခိုင်းနေတယ် ... မနက် ၈နာရီကတည်းက လုပ်နေရတာ အခု မွန်းတည့်ပြီ .. လူလည်း ဗိုက်ဆာလို့ သေတော့မှာပါနော် .. Wu YiFan လူယုတ်မာကြီး ...

5min လေး break တောင်းတာတောင် မပေးဘူး .. ရှူးပေါက်ချင်နေပြီနော် .. ပေါက်ချလိုက်မှာ ... သူပဲ လိုက်သုတ်ရမှာ .. ဟွန့် ..

" နှုတ်ခမ်းကို ထော်မထားနဲ့ .. ထရေသမား ( ထန်းရည်သမား) ကြွက်ကြော်ကြိုက်တဲ့လူကများ .. ပျော်တုန်းက ပျော်ပြီးပြီ စာလုပ် .."

အခ်စ္ { Krisyeol }Where stories live. Discover now