အချစ် = ဆိုင်အမှတ် ၁၂

442 54 7
                                    


ဆောင်းဝင်တာလား နွေဝင်တာလား မသဲကွဲသော မီယမ်မာနိုင်ငံရဲ့ november လ တစ်ရက် .. အိပ်ရာက စောစောနိုးတဲ့  ကျွန်တော် မောင်ချန်ရိုးကတော့ .. ၅၀၀၀တန်လေး တစ်ရွက်ကိုင်ပြီး .. နာနတ်တောလမ်းတောက်လျှောက် ထွက်လာခဲ့ပါတယ် ..

မနက်ရှစ်နာရီဖြစ်လို့ နေကတော့ သိပ်မပြင်းပါဘူး ... မြင်းခေါင်းစွပ်ကျယ် အဟောင်းလေးရယ် JJ ဘောင်းဘီ ပေါင်လည်လောက်ရယ်ကို ဝတ်ဆင်ထားတာတောင် .. ချွေးနည်းနည်းစို့ချင်နေပါတယ် .. ရာဘာဖိနပ်လေး ဘလပ်ဘလပ်နဲ့ ချီတက်လာတာကတော့ ပဲပြုတ်သည်ဆီကိုပါ ..

ပဲပြုတ်တောင် အဆင့်မြင့်သွားပြီနော် ချိမတို့ .. အရင်ကဆို တလမ်းဝင် တလမ်းထွက် ရောင်းတဲ့ ပဲပြုတ်သည်က .. ဆိုင်နဲ့ဘာနဲ့ အတည်တကျ ..

ကောက်ညှင်းပေါင်းသည်က ဘေးမယ်အဆင်သင့် .. ခပ်လှမ်းလှမ်းမှာက အကြော်စုံ .. အားလုံးတစ်နေရာတည်းမယ် အဆင်သင့် ..

ထမင်းကြော်ဖို့ ပဲပြုတ်လာဝယ်တဲ့ လူလည်း အကြော်စုံတွေ့တော့ တခါတည်းဝယ်ချင်မိရောလေ .. ဈေးရောင်းနည်းက မိုက်နေရော ..

ကိုကို ဒီရက်ပိုင်းပင်ပန်းတယ် .. အောင်စာရင်းတွေ ထုတ်ပေးရတော့မှာမို့ အသေအလဲ အမှတ်ခြစ် .. အမှတ်တွေခြစ်ပြီးတော့လည်း အောင်စာရင်းထုတ်ပေးဖို့ လုံးပမ်း .. အခုအားလုံးပြီးတော့ နောက်လာမယ့် စာသင်နှစ်အတွက် မွန်းမံ သင်တန်းတွေ တက်ရပြန်ပြီ ..

အခုပဲ november 20 ကျော်ပြီဆိုတော့ နောက်စာသင်နှစ် ရောက်ဖို့ မလိုတော့ဘူးလေ ..

ဒီနေရာမှာ အားလုံးကိုကြွားစရာရှိပါတယ် .. Park Chanyeol လေး မဟာတန်း ပထမနှစ်ကို အောင်မြင်သွားပါပြီ ခင်ဗျာ ..

ကျောက်စာတွေကို ထပ်ပြီးလေ့လာဖို့နဲ့ ယွန်းထည်ဆိုင်ရာ သိမှတ်ဖွယ်အကြောင်းစာတမ်းရေးဖို့ ပုဂံကို ထပ်သွားရမယ်ခင်ဗျ ..

" အစ်မ ပဲပြုတ်တစ်ဆယ်သား .. "

ပဲပြုတ်သည်ကို ပဲပြုတ်ထည့်ခိုင်းထားရင်း အကြော်ရွေးရတယ် .. ဒီနေ့ ဟင်းလျာကတော့ ပဲပြုတ်ဆီဆမ်းနဲ့ အကြော်ပဲ .. ကိုကို မအားလို့ ထမင်းမချက်နိုင်ဘူး ..

အခ်စ္ { Krisyeol }Where stories live. Discover now