အချစ် = စိတ်နာတယ် နှင်းဆီ

366 43 0
                                    

" ဒီလူသားက .. အလှဆုံး နှလုံးသားတစ်ခု ပေးချင်လို့ပါ .. Jung Woo လေးရဲ့ မျက်နှာတော် ညှိုးမှာ .. သေအောင်ကြောက်လို့... ဖွင့်မပြောရက်ခဲ့တာ .. ရာစုနှစ်များစွာကြာ .. "

" ဝမ်းနည်းပက်လက်နဲ့ အခန်းထဲ ကက်ဆက်ထည့် .. အဆွေးသီချင်းတွေဖွင့် JungWoo ရက်စက်တယ် .. အတူရှိဖူးတဲ့ ရက်စွဲများမေ့ပြီလား ... "

အင်မတန်ကို ကျက်သရေတုံးလွန်းပါတယ် .. မစားရတဲ့ ကလေး ပိုငတ်တယ်ဆိုတာထက် .. အခုမှ စပြီးစားဖူးတဲ့ကလေး ငတ်တာ ပိုဆိုးတယ် ..

တသက်လုံး ရေခဲတုံးလုပ်ခဲ့တဲ့ FA ကောင် .. crush လေး တယောက်ကောက်ရတော့မှ .. စောင်သည်းကွဲရတာနဲ့ .. ဟိုက ချေလို့ Feel တက်ရတာနဲ့ .. စောင်လုံးတွေကို နောက်နေတာပဲ ..

" Wong Yukhei ရေ .. မင်းရဲ့ စောင်ပါးစပ်ကို ပိတ်မလား  .. တနင်္လာနေ့တိုင်း Kim JungWoo စော်ရပါစေလို့ ကျိန်စာတိုက်လိုက်ရမလား .. "

အိမ်ရှေ့ခန်းက ဆိုဖာပေါ်ပက်လက်လှန်နေတဲ့ Yukhei ကို လှမ်းအော်တော့ ရန်ပြန်တွေ့ဖို့ ငေါက်ခနဲ ထ ထိုင်လေရဲ့ .. အမလေး ဆန်းဆန်းတင့်နေတာ ..

" Park မျိုးရိုးမကောင်းစလောင်း အကောင် ..  မင်းအဲ့လောက်ရိုင်းတာကို Wu Sam ကန်မထုတ်တာ အံ့ပါ့ .. ငါသာဆို မင်းကို မယားငယ်နေရာတောင် မထားဘူး .. "

" အမယ်မယ် ... ငါလည်း မင်းမယားမလုပ်ပါဘူး .. ငါက ရွံတတ်တယ် .. "

ပြောရင်းဆိုရင်းလက်တွေပါလာတာ .. မီးဖိုချောင်ထဲ က ကျွန်တော့်နားပြေးလာပြီး လည်ပင်းထ ညှစ်တယ် ..

Park Chanyeol ကရော ခံမယ် ထင်သလား.. သူ့လက်မောင်းကြီးတွေကို ဆွဲဆိတ်ပြီး ဆောင့်ကန်ပေးလိုက်တယ် ..

" ဟေ့ကောင်သွား အိမ်ပေါ်ကဆင်းတော့ .. မင်း ဘဲကြီး အိမ်မှာသွားနေတော့ .. "

" အမယ် .. ဒါ ငါ့အဖေငှားပေးထားတဲ့ အိမ်ကွ ..  ဆင်းချင်းဆင်း မင်းပဲဆင်း လဒ "

" ဟေ့ကောင် .. မီတာ .. ရေမီတာ .. စည်ပင်ခွန်.. အကုန်ငါဆောင်ပြီး .. အိမ်သန့်ရှင်းရေး ချက်ရေးပြုတ်ရေးငါပဲလုပ်တာ .. အဲ့လိုပြောကြေးဆို ငါ့ အဖေဝယ်ပေးတဲ့ စက်ဘီးမစီးနဲ့ .. "

အခ်စ္ { Krisyeol }Where stories live. Discover now