အချစ် = မသိဘူး မူမယ် (uni)

281 46 5
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ..

လေဆိပ်ထဲက ထွက်လိုက်ပြီဆိုတာနဲ့ ပူနွေးနွေးလေထုကြီးက ပြေးဆောင့်တော့တာပါပဲ ..မီယမ်မာလေ .. မီယမ်မာ ..

ရောက်ဖူးပြီးသား ကျွန်တော်ကတော့ အပေါ်ဝတ်တွေအကုန်ချွတ် T shirt နဲ့ အပြင်ထွက်လာပေမယ့် Wong Yukhei တယောက်ကတော့ Jean Jacket ကြီးတကားကားနဲ့ .. မကြာခင် ချွေးဗုံးကွဲတော့မယ် ..

Taxi stand ကနေ Taxi တစ်စီးငှားပြီး Luggage တွေတင် .. အဲ့ဒီ့အချိန်ခဏလေးတောင် နေကလောင်လောင်ကြီးတောက်လျှက် .. ဂုတ်ပိုးတွေ ဖျင်းခနဲ ဖျင်းခနဲ ..

Aircon အေးအေးဖွင့်ထားတဲ့ Taxi ထဲရောက်မှပဲနေသာထိုင်သာရှိတော့တယ် .. ဒါတောင် ကားမှန်တွေက ပူနွေးနွေးရယ် ..

" အဆင်ပြေလား Yukhei ..  ဒီမှာက တအားပူတယ် .. "

" It's ok man .. I don't care man.. "

ဪ .. အခုတော့ လေဆိပ်ထဲကထွက် aircon နဲ့ Taxi ပေါ်တက်တော့ I don't care နိုင်တာပေါ့ .. မကြာခင် .. I seriously care တော့မှာပါ .. နောင်တဆိုတာ နောင်မှရမှာလေ ..

" သားရေ .. အင်းယားလမ်း ဘယ်နားလောက် ရောက်မလဲ  .. ခြံအမှတ် 61 ဆိုတော့ .. "

" မြန်မာစာအဖွဲ့ အဆောက်အဦးနားလို့ ပြောတယ်ခင်ဗျ .. "

" Wowww.. Chanyeol မြန်မာလိုပြောတာ တိုးတက်လာပြီ .. "

" ငါက တော်တယ် .. မင်းပဲ စာကျက်ရမှာ .. "

ဒုတိယတစ်ခေါက် မြန်မာမြေကို ပြန်နင်းတဲ့ အခါမှာ ပထမတစ်ခေါက်လောက် မတိတ်ဆိတ် .. ဆူဆူညံညံနဲ့ .. ကျွန်တော့် major တူ သူငယ်ချင်း Wong Yukhei ခေါ် Lucas Wong ပါ ကျွန်တော်နဲ့အတူ စာတမ်းပြုစုဖို့ လိုက်လာခဲ့တယ် ..

YUFL မှာကျောင်းတက်ရမှာ မဟုတ်တဲ့အတွက် အဆောင်မရပေမယ့် Arpugyi က နေရေးထိုင်ရေး စီစဉ်ပေးထားတယ် .. စားဖို့သောက်ဖို့ကတော့ Yukhei ချက်လိမ့်မယ် ..

ကျွန်တော်တို့က မဟာတန်းအောင်ဖို့အတွက် thesis တစ်ခုစီတင်ရမယ် .. အဲ့ဒီ့မှာ ကျွန်တော်ရော Yukhei ရော ပုဂံခေတ် အလယ်ပိုင်း နှောင်းပိုင်းက ကျောက်စာတွေကို စာတမ်းပြုစုဖို့ ရွေးခဲ့တယ် ..

Exchange student တွေလို ကျောင်းအမြဲသွားတက်ဖို့မလိုပေမယ့် YUFL က မြန်မာစာ မဟာတန်းကျောင်းသားအနေနဲ့တော့ ခြောက်လလောက် နေရမှာပေါ့ .. စာတမ်းပြီးရင် seoul ကို ပြန်ရုံပဲ ..

အခ်စ္ { Krisyeol }Where stories live. Discover now