အချစ် = မိုးလေးဖွဲတုန်း (uni)

249 45 6
                                    


အင်မတန့် အင်မတန်ကို ထူးထူးခြားခြား မိုးတွေအုံ့နေတဲ့ မနက်ခင်းတစ်ခု .. ညိုညစ်ညစ်ကောင်းကင်ပြင်ကြီးကို ငေးကြည့်ရင်း မိုးရွာဖို့ မျှော်လင့်မိပေမယ့် .. ရန်ကုန်အထာနပ်လာသော ကျွန်တော် Park Chanyeol ဒီလို မျှော်လင့်ချက်မျိုး မထားတော့ပါဘူး ..

ရွာမလို ရွာမလိုချေလိုက် .. လေတွေတိုက်ပြီး ဂျင်းထည့်လိုက် .. ကောင်းကင်ကြီးမဲနေပြီဟ ဆိုပြီး ပျော်ရုံရှိသေး .. တိမ်ကြားကနေ ထိန်ထိန်ကြီး ထွက်လာတဲ့ နေ .. ပူတာများ လောင်လောင်ကြီးကို တောက်လို့ .. ဆိုတော့ .. ငါ ရိုးနေပါပြီကွာပေါ့ ..

ခပ်မှိုင်းမှိုင်းမနက်ခင်းလေးမှာ Coffee ခါးခါးသောက်လိုက် Jam သုတ်ထားတဲ့ ပေါင်မုန့်မီးကင်လေး စားလိုက်.. ခြံထဲက ပန်းပင်တွေ .. လမ်းမက ကားတွေကို ငေးလိုက်နဲ့ .. သာယာနေတယ် ..

အိမ်တော်ပါ မောင် Yukhei ကတော့ Spaghetti တဲ့ဗျာ .. ယနေ့ ဟင်းလျာ Spaghetti လို့ သတ်မှတ်ပြီး တကုတ်ကုတ် ချက်ပြုတ်နေလေရဲ့ ...

Radio လေး ဘေးချပြီး teen radio က လာသမျှသီချင်းတွေကို ထိုင်နားထောင်နေတာ .. ရာသီဥတုနဲ့အကိုက် သီချင်းတွေကလည်း အေးအေးငြိမ့်ငြိမ်လေးတွေ ...

🎶🎶 မိုးလေးဖွဲတုန်း သတိရတယ် .. မြင်နေတဲ့ ပြတင်းတံခါးစီပဲ .. သွားလို့မော့ကြည့် ပြောလိုက်စဉ် .. တကိုယ်ရည်ထဲ မိုးစက်တွေအလယ် ..🎶🎶

ဟော ... မိုးပေါက်တွေကျလာပြီ .. သည်းသည်းမဲမဲ မဟုတ်သော်ငြား ပတ်ဝန်းကျင်တခုလုံး အေးမြသွားသည့်တိုင်အောင် ခပ်စိပ်စိပ်ရွာကျနေတယ် .. လှလိုက်တာ .. မိုးပေါက်ကလေးတွေ..

" Chanyeol! ! Park Chanyeol ရေ .. ကန်းပြီလားဟ! ! ခြံထဲက အဝတ်တွေ ရုတ်ပါဆိုနေ .. "
Mood တွေဝင် ကြည်နူးနေရာကနေ အူယားဖားယား ထပြေးရတယ် .. ချက်ပြုတ်ကျွေးမွေးနေတဲ့ မျက်နှာဆိုတော့လည်း အဟောက်ခံပြီးကို မျက်နှာလုပ်ရတာပေါ့ ..

ဝါးခမောက်လေးဆောင်းပြီး အဝတ်တွေကို ရုတ်လိုက် ပွစိပွစိလုပ်လိုက် လုပ်နေချိန်မှာပဲ ...

ခြံရှေ့ကနေ ဖြတ်သွားတဲ့ လူတစ်ယောက် .. ထီးဆောင်းပြီး ခပ်သုတ်သုတ် ဖြတ်လျှောက်သွားတဲ့ လူတစ်ယောက် .. ပုဆိုးတိုတို လည်ကတုံး အင်္င်္ကျီနဲ့ လူတစ်ယောက် ...

အခ်စ္ { Krisyeol }Where stories live. Discover now