အချစ် = ကိန္နရာ ကားခြား (uni)

392 43 2
                                    


" မိုးက ဒီနေ့ တိတ်ဦးမှာလား .. ??"

အဝတ်တွေ အပြည့်ထည့်ထားတဲ့ ခရီးဆောင်ကျောပိုးအိတ်ကြီးကို ခါးကျိုးမတတ်လွယ်ထားရတဲ့ အပြင် .. ညာဘက်လက်မှာက လက်ဆွဲအိတ် .. ဘယ်ဘက်လက်မှာက ထီးရယ် ရေသန့်ဘူးတွေထည့်တဲ့ အိတ်ရယ် ပူးကိုင်ထားရသေးတယ်  .. မိုးက ရွာတော့ ထီးကလည်း ဆောင်းထားရတာပါနော် ...

ရေစိုနေတဲ့ ခြေထောက်တွေကြောင့် စိတ်ထဲမသန့်ပေမယ့် .. ကားပေါ်ရောက်မှ သုတ်ရမှာပါပဲ ...

မြန်မာစာ မေဂျာ ကျောင်းသားကျောင်းသူများရဲ့မန္တလေး မုံရွာ စစ်ကိုင်း ခရီးစဉ်ကို Park Chanyeol လေး ပါဝင်ဆင်နွှဲမှာပါ ...

သူ့ချည်းပဲလား Chanyeol ? ဘဲပါ ပါပါတယ် ဖျာ့ ...

ထပ်ပြီး သူ့ချည်းပဲလား?  အိမ်တော်ပါ မောင် Yukhei ပါ ပါပါတယ် ဖျာ့ ...

အခုကတည်းက စောင် RS တွေ စားသောက် သွားလာပြီး ငါတို့ကို အားကျခိုင်းတော့မယ်လို့ တွေးလိုက်ရင် အားလုံး အတွေးတွေကို တပ်ခေါက်လိုက်ပါ ...

စိတ်နှလုံးဖြူ စင်မှ ရုပ်ကလေးတွေချောပြီး ကြိုက်မယ့် ဘဲ ရှိလာမှာပါနော် ... ထားပါ ဒါတွေ လက်ရှိအကြောင်း ဆက်ပြောကြစို့ရဲ့ ...

ရန်ကုန်တက္ကသိုလ်ရှေ့က ယာဉ်ရပ်တဲ့နေရာမှာ Express ကား နှစ်စီးထိုးရပ်ထားလေရဲ့ ... ကားနှစ်စီးမှာ တစ်ကားက ကြီးပေမယ့် ဒုတိယကားက mini bus သာသာလေး ..

ကားတွေကိုကြည့်ပြီး သောကပွားနေတုန်းရှိသေး Yukhei က ကားပေါ်တောင် တက်နေပြီ .. နောက်ကနေပြေးလိုက်ပြီး ကားကြီးကြီးပေါ်ပဲ တက်လိုက်တော့တယ် ..

ရေလက်စက်နဲ့ ထီးကလေးတွေက ကားတံခါးဘေး Driver seat နားမှာ အစီအရီ ... ရေ ခဏစစ်ထား ကားထွက်ရင်ပြန်ပေးမယ်တဲ့ ...

ကားပေါ်မှာ လူတွေအပြည့် ... နေရာလွတ်တောင် မရှိတော့သလောက်ပဲ ... ဟိုးနောက်ဆုံးမှာတော့ ခုံနစ်လုံးလွတ်နေသား ... Yukhei က အဲ့ကို ဦးတည်သွားနေတော့ ကျွန်တော်လည်း နောက်ကလိုက်ရတာပေါ့ ...

ဆရာ့ကိုမတွေ့ဘူး??? ဆရာကိုကိုရော ...???

ကားပေါ်မှာ ဝေ့ဝဲရှာတာတောင် မတွေ့ .. အောက်မှာလည်း မတွေ့ခဲ့တော့ ဆရာက ဟိုဘက်ကားမှာလား? ကြိုရောက်နေလှည့်မယ်ဆိုပြီး လာလည်းမတွေ့ပါဘူးနော် ... ငိုချင်လာပြီ ...

အခ်စ္ { Krisyeol }Where stories live. Discover now