အချစ် = ပူအိုက်သော လွမ်းနေ့ရက်ရှည်များ(uni)

408 53 20
                                    


ရင်ခွင်ထဲက အချစ်တွေ ..
မင်းသိမှာပါ ~~

မဆုံနိုင်ခြင်းရဲ့ သက်သေ ..
လွမ်းလို့နေတာ ~~

ကိုယ်နဲ့မင်းနဲ့ ကတိတွေ..
မမေ့သေးလို့ ~~

အိမ်မက်များလား အချစ်ရေ ..
ကိုယ် တကယ် .. မယုံချင်ဘူး ~~

မင်းမရှိတဲ့ နေ့တွေမှာ မနေနိုင်ပါဘူး ..
မင်းကြည့်တဲ့ အကြည့်တွေဆို မခံနိုင်ခဲ့ဘူး ~~

ယုံပါ .. အချစ်ရာ မင်းအနားမှာ
ကိုယ်နေချင်လည်း အဆင်မပြေဘဲ ~~

မင်းမရှိတဲ့ ညတွေဆို ရင်မှာခံစား
လွမ်းလွန်းလို့ အိပ်မပျော် ဒီလိုညများ ~~

ဲကြယ်စင်လေးတွေ ဟိုးအဝေးမှာ
ကိုယ်မြင်နေလည်း အပိုပါပဲ ~~

အခုတော့ မလှတော့ဘူး ~~~~

လွမ်းတာပေါ့ Chan ရယ် ..

____________________________

ဂစ်တာလေးကို ဘေးချပြီး ဝရန်တာမှာ မတ်တပ်ထွက်ရပ်တော့ ကြယ်တွေက ဟိုတစ်ပွင့် ဒီတစ်ပွင့် ကောင်းကင်ပေါ်မှာ လင်းလို့ .. Chan ရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို ချက်ချင်း လွမ်းသွားတာပါပဲ ..

အဲလက်စ် ရဲ့ အလွမ်းနေ့ရက်တွေအကြောင်း ..

ဒီသီချင်းက ကိုယ့်အတွက် ကွက်တိဆိုထားသလိုပဲ .. ပူအိုက်အိုက် ဧပြီရဲ့ ညတွေမှာ စွပ်ကျယ်လေးဝတ် ဝရန်တာမှာထိုင် .. ဂစ်တာတီးပြီး သီချင်းညည်းရတာလည်း လွမ်းနည်း တမျိူးပါပဲ ..

သက်ပြင်းချ .. အိမ်ထဲပြန်ဝင်ပြီး အိပ်ဖို့ စဉ်းစားမိပေမယ့် ဗိုက်ဆာလာသလိုလို .. မီးဖိုချောင်ထဲ ဝင်ပြီး အုပ်ဆောင်းကိုဖွင့်ကြည့်တော့ အေးစက်စက်ဘူးသီးကြော်တွေက လျှာထုတ်ပြောင်ပြနေသည် ..

Park Chanyeol ကိုလွမ်းရင် ဘူးသီးကြော်စားလို့ ဘယ်သူမှအမိန့်မပေးခဲ့ပေမယ့် လွမ်းတိုင်း ဘူးသီကြော်စားဖြစ်သည်..

Park Chanyeol တယောက်တော့ Seoul ပြန်သွားပြီး အေးအေးချမ်းချမ်းရှိနေပေမယ့် .. ကိုယ့်မှာတော့ မီးတောင်ပေါက်သလို ပူပြင်းလှတဲ့ရန်ကုန်နွေရက်တွေကို အံတုရင်း ..

ပြောရင်းဆိုရင်း မီးက ပျက်သွားပြီ ..

ဟာာာာ ဆိုတဲ့ အသံတွေက နာနတ်တောလမ်း တောက်လျှောက် ကျယ်ကျယ်လောင်လောင်ထွင်ပေါ်လျှက် .. စမ်းချောင်းထဲကွက်ပြီးများ ခဏခဏ မီးပျက်သလား?

အခ်စ္ { Krisyeol }Where stories live. Discover now