Part-23 (ရှစ်ယင်)

472 41 6
                                    

သူတုန်လှုပ်သွားပြီး သူ့မျက်ဝန်းတွေနီရဲလာကာ နှာထိပ်တွေလည်းနီလာပြီး မျက်ရည်တွေကျဆင်းလာသည်

သူပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကိုလက်နဲ့သုတ်လိုက်ရင်းဝေခွဲမရစွာနဲ့ ရပ်နေမိတယ်

'ဒါအရင်ကဖြစ်ဖူးသလိုပဲ'

သူ့နားထဲအသံတွေကိုကြားနေရသည် မသဲကွဲပေမယ့် တစ်စုံတစ်ယောက်က သူ့နားလာပြောနေသလိုခံစားရသည်

"သခင်လေး..."

ခေါ်သံကြားမှသူသတိပြန်ဝင်လာပြီး သူ့သတို့သားလောင်းနေအိမ်ကိုသွားလိုက်သည်

အိပ်ရာပေါ်လှဲလျောင်းနေတဲ့ရှဲ့ယွင်ကိုမြင်ရတော့ သူ့နှာခေါင်းချဉ်စူးလာပြီး ငိုချင်လာပြန်သည်

'သူဒီနေ့ဘာဖြစ်နေတာလဲ? စိတ်နုနေတာလား ဒါလည်းမဖြစ်နိုင်ပါဘူး'

သူကုတင်ဘေးကခုံလေးပေါ်ထိုင်လိုက်ရင်း သူ့သတို့သားလောင်းမျက်နှာကိုအသေးစိတ်ကြည့်လိုက်မိတော့ တဒိတ်ဒိတ်ခုန်လာတဲ့သူ့နှလုံးသားလေး သူရင်ဘတ်ကိုအသာလေးဖိလိုက်ပြီး အကြည့်လွှဲလိုက်ကာ ရေနွေးကြမ်းကိုအာရုံစိုက်ပြီးဖြေးဖြေးချင်းငှဲ့ရင်းသောက်နေလိုက်သည်

"ယင်အာ....?"

သူရေနွေးကြမ်းသောက်နေရင်းကြားလိုက်ရတဲ့အသံကြောင့် အသံကြားရာလှည့်ကြည့်လိုက်တော့ကုတင်ပေါ်ထထိုင်ကာသူ့ကိုပြုံးပြပြန်နေတဲ့သူ

"ကိုယ့်ကိုနှိုးလိုက်တာမဟုတ်ဘူး"

"ငါကလူမှုရေးနားမလည်တဲ့သူမဟုတ်ဘူး"

"ကိုယ်တို့ကြားမလိုပါဘူးအဲ့ဒါ "

ရှဲ့ယွင်ကုတင်ပေါ်ကဆင်းလိုက်ပြီး ရှစ်ယင်ရဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်တယ်

"မင်းဒဏ်ရာကစိုးရိမ်ရတယ်ဆို"

"အင်း စိုးရိမ်ရတယ်"

"အဲ့ဒါဆို အိပ်ရာမှာ သွားအိပ်နေလေ"

"ကိုယ့်ဇနီး‌ေလာင်းလေးကကိုယ့်ကိုစိတ်ပူလို့ လာတာကို ကိုယ်က လှဲပြီးကြိုဆိုရမှာလား"

"မင်းသက်သာပြီဆို ငါပြန်ပြီ"

ရှစ်ယင် သူပြောလည်းမရတဲ့ထိုသူကို ထားခဲ့ပြီး ပြန်ဖို့တံခါးဆီလျှောက်သွားစဉ် ကြားလိုက်ရတဲ့အသံတိုးတိုး

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now