Part-6

1.3K 134 1
                                    

အလင်းမဲ့ရိုက်ကူးရေးအကြောင်းဟာ hs5ဝင်သွားပြီး hs 1က ဝမ်ရိပေါ်ဖြစ်သည် ဒုတိယက အလင်းမဲ့ရဲ့ novel အကြောင်းဖြစ်ပြီး  ဝတ်ရုံပြာနဲ့ကောကောကဘယ်သူလဲ ? ဆိုတာက နံပါတ် ၃ချိတ်နေလေသည် နံပါတ်4ကတော့ ရှောင်းမိသားစုရဲ့ကုန်ပစ္စည်းအသစ်အကြောင်းဖြစ်သည်

အမေ့အတွက်သမက်လိုက်ရှာနေတယ် : ကျဲမေ့တို့ရေ ဝတ်ရုံအပြာလေးနဲ့ကောကောကဘယ်သူလဲသိကြလားဟင် အမေ့သမက်လေးဆိုပြီး အိမ်ခေါ်သွားချင်လို့ပါ

ကျွန်မကဖြတ်လျှောက်လေး : အခုမှအနုပညာလောကထဲဝင်လာတာထင်တယ် ရုပ်ရှင်ထွက်ရင် ကျွန်မကဖြတ်လျှောက်ကနေ ကောကောဖန်ပဲလုပ်တော့မယ်

ဝမ်မားးမားး : အခုမှအနုပညာလောကထဲဝင်လာတာဆိုတော့ သရုပ်ရောဆောင်တတ်ပါ့မလား ငါ့ရဲ့သားလေးကိုဆွဲချသလိုဖြစ်မှာစိုးမိပါရဲ့

ရှန့်ထျန်းရဲ့ဇနီးလေး : တို့က အလင်းမဲ့novel fanပါ တို့လောင်ကုန်းchaကိုသေချာသရုပ်ဆောင်ပေးဖို့တောင်းဆိုပါတယ်

+1
+1
+1
+1
+1

weiboမှာ ယောက်ယက်ခတ်နေကြသလို အလင်းမဲ့ရိုက်ကူးရေးမှာလည်း ရှောင်ကျန့်ကသူ့ရဲ့ပထမဆုံးဇာတ်ဝင်ခန်းကိုရိုက်ဖို့ပြင်နေလေသည် ဝါးရုံတောထဲဓားလေ့ကျင့်နေတဲ့ အခန်းကိုသရုပ်ဆောင်ရမှာဖြစ်ကာ သူဓားလေ့ကျင့်နေတဲ့အချိန်  သူ့ဆရာရောက်လာတာကိုတွေ့လိုက်ရပြီး သူ့ဆရာကိုပြုံးပြလိုက်တဲ့အခန်းဖြစ်သည်

ဒါရိုက်တာယဲ့က စခရင်ပေါ်ကိုကြည့်ကာ အသံမြှင့်လိုက်ပြီး

"ရှောင်လေးအဆင်ပြေပြီလား??"

"ဟုတ် ဒါရိုက်တာကြီး ကျွန်တော်အသင့်ဖြစ်ပြီ"

"Ok ..အဲ့ဆိုစပြီ"

ရှောင်ကျန့် ဓားကိုဝှေ့ယမ်းနေကာ ရိုက်ကူးရေးမစခင် တိုက်ခိုက်ရေးဆရာသင်ပေးတဲ့အတိုင်း လုပ်နေလိုက်သည် ဓားကထွက်တဲ့အလင်းတန်းတွေကို ပြီးမှထည့်မှာဖြစ်ပြီး  အစိမ်းဝတ်လူတွေက သူဓားညွှန်လိုက်တဲ့ဝါးပင်တွေကိုလှုပ်ခါနေသည်

(ဇာတ်ကားရိုက်နေတဲ့အချိန်ဆို ရှန့်ထျန်းလို့ခေါ်ပြီး ပြီးသွားရင်တော့ ရှောင်ကျန့်လို့ခေါ်ပါမယ်‌ဗျ)

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now