Part-18

1.1K 95 9
                                    

ရှောင်ကျန့်ရဲ့နောက်ဆုံးဇာတ်ဝင်ခန်းရိုက်ရမယ့်နေ့ရောက်လာပြီး သူကတော့မျက်နှာပြုံးစိပြုံးစိဖြင့်အလွန်ပျော်နေဟန်ရသည် ရိုက်ကွင်းထဲရှိသမျှလူတိုင်းကိုလိုက်နှုတ်ဆက်ကာ ဝမ်ရိပေါ်နဲ့သရုပ်ဆောင်တောင်လေ့ကျင့်လိုက်သေးသည်

ဝမ်ရိပေါ်တစ်ချိန်လုံးပြုံးပျော်နေတဲ့ကောင်လေးကိုကြည့်ကာနားမလည်နိုင်

'ဘာတွေပျော်နေတာလဲ?သူသေတဲ့အပိုင်းရိုက်ရမှာရောသိရဲ့လား'

ရှောင်းကျန့် ဒီနေ့ပျော်နေသည် သူ့အတွက်ရိုက်ကူးရေးနောက်ဆုံးနေ့ဖြစ်ပြီး သူအကြာကြီးစောင့်နေရတဲ့နားရက်ရတော့မည်ပင် သူအိမ်ပြန်ရင် အာလူးကြော်အထုတ်တွေဝယ်ရမယ် အဲ့ဒါမှ tvကြည့်ရင်းဇိမ်ခံပြီးစားနိုင်မှာ သူ့အတွေးနဲ့သူပြုံးနေရင်း ရိုက်ကူးရေးစတော့မှာမို့ သူဇာတ်ညွှန်းစာရွက်ကိုချကာ အပြုံးလေးနဲ့သွားလိုက်သည်

သူဇာတ်ဝင်ခန်းရိုက်ပြီးတော့ ဒါရိုက်တာကြီးကစာအိတ်နီတစ်အိတ်ရယ် ပန်းစည်းရယ်ကမ်းပေးလာပြီး

"ပင်ပန်းသွားပြီ နောက်လည်းအတူတူအလုပ်လုပ်ဖို့မျှော်လင့်နေပါတယ်ကျန့်ကျန့်"

သူလည်းပြုံးပြလိုက်ပြီး

"မျှော်လင့်ပါတယ်ဗျာ"

ထို့နောက်ဝမ်ရိပေါ်ကလည်းသူ့ကိုစာအိတ်တစ်အိတ်ပေးကာပြုံးပြလာသည် အဲ့အပြုံးကတောက်ပလွန်းလို့ ရှောင်းကျန့်အပြင်မှာပါတကယ်သေသွားတော့မလိုပင် fanတစ်ယောက်ရဲ့နှလုံးသားထဲသူ့idolကသာအတောက်ပဆုံးမလား??? သူလည်းပြန်ပြုံးပြလိုက်ပြီး သူနဲ့တွဲကာဓာတ်ပုံရိုက်ချင်သည့် သူများနဲ့ဓာတ်ပုံရိုက်ပေးလိုက်သည် ဒါပေါ့ ထိုထဲတွင် ဝမ်ရိပေါ်လည်းပါသည်လေ သူ့ကိုပြောသည်ကတော့

"ကိုယ်တို့နှစ်ယောက် ဘယ်တော့မှ ရုပ်ရှင်အတူထပ်ရိုက်ရမလဲမသိနိုင်လို့အမှတ်တရအနေနဲ့ရိုက်တာ" ဟူ၍ပင် ဒါမျိုးတော့ရှောင်ရှောင်းကျန့်ကအသေကြိုက်တာပေါ့ ဘယ်သူကများ ဝမ်းနည်းလိမ့်မလဲ

သူတို့ဓာတ်ပုံရိုက်ပြီးတော့ ရှောင်းကျန့် ချန်ကောနဲ့အတူ အိမ်ပြန်လာခဲ့သည် သူတို့ငါးလလောက်မရှိတဲ့အချိန် အိမ်သန့်ရှင်းရေးအဒေါ်ကြီးက အပတ်တိုင်းသန့်ရှင်းရေးလာလုပ်ပေးသည်မို့ ဖုန်တော့မရှိ သူဧည့်ခန်းထဲကဆိုဖာပေါ်လျော့တိလျော့တွဲမှီကာထိုင်နေလိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now