Part -19

1K 95 5
                                    

ဘဝရဲ့စည်းစိမ်ကိုခံစားနေရတဲ့ရှောင်ကျန့်တစ်ယောက် မနက်ဆို၁၁နာရီလောက်ထိအိပ်ပြီး စားလိုက်သောက်လိုက်နဲ့ အချိန်ကုန်ဆုံးနေခဲ့သည် သူ့ဘွဲ့ ယူရမယ့်ကိစ္စတွေကလည်းရှိနေသေးတာကြောင့် သူ့ကိုဝမ်ကောက အလုပ် မပေး ဒါကြောင့် သူ အားလပ်ရက်တွေမှာ ဝမ်အိမ်တော်သွားလိုက် မုန့်သွားစားလိုက် ကျောင်းသွားလိုက်နဲ့ စည်းစိမ်ခံစားနေခြင်းပင်  သူ့မားမားနဲ့ပါးပါးလား ? ကမ္ဘာပတ်တာမပြီးသေးဘူးတဲ့လေ

သူTvမှာလာနေတဲ့ရသစုံရှိုးပွဲကိုကြည့်နေရင်း သူ့ဖုန်းကတုန်မြည်လာသည် သူစခရင်ကိုလှမ်းကြည့်လိုက်တော့ ပေါ်နေသည်က ဝမ်ကျယ် ဆိုတဲ့စာတန်းလေး  သူ့ပေါင်ပေါ်ကအာလူးကြော်အထုတ်ကြီးကိုချလိုက်ရင်း လက်ကိုအမြန်သုတ်ကာ သူဖုန်းကိုကိုင်လိုက်သည်

"ဟယ်လို?"

"ဟယ်လို"

"ဝမ်ကော ဘာဖြစ်လို့လဲဗျ"

"ကိုယ်ကကိစ္စရှိမှဆက်ရမှာလား?"

"အဲ့လိုမဟုတ်ပါဘူး...."

'ဝမ်ကောမှတစ်ခါမှမဆက်ဖူးတာ'

သူစိတ်ထဲမှာပြောလိုက်ပြီး

"ဘာဖြစ်လို့လဲဟင်"

"ကိုယ်မေးစရာရှိလို့"

"ဟုတ်မေးပါဝမ်ကော"

"မင်းgameဆော့လား? ကိုယ်ပြောတာကကွာ Honor Of King "

"အာ....ဖုန်းထဲတော့downထားတယ် တစ်ခါမှ မဆော့ဖူးဘူး"

"အင်း ကိုယ့်အဖွဲ့ထဲ တစ်ယောက်လိုလို့"

"ဝမ်ကောကဂိမ်း...."

သူပြောနေရင်းတစ်ခုစဉ်းစားမိသွားသည် ဝမ်ရိပေါ်က ဂိမ်းဆော့သည်ပင်HOKကလည်း သူ့ကိုပြောရေးဆိုခွင့်ရှိသူအနေနဲ့ခန့်အပ်ထားသေးသည် သူတောင် ဝမ်ရိပေါ်ဆော့လို့ ဂိမ်းကူးထားတာ ဒါကိုတော့ သူထုတ်မပြောတော့....သူစကားလမ်းကြောင်းလွှဲလိုက်ပြီး

"ကျွန်တော်က သူတို့ပြတဲ့ကျူတိုလောက်ပဲလိုက်လုပ်ဖူးတာ "

"ရတယ် လူလိုလို့ဝင်ပေးရုံပဲ"

သူတို့စကားအနည်းငယ်ဆက်ပြောလိုက်ပြီးသူဂိမ်းဆော့ဖို့သဘောတူလိုက်သည် ဂိမ်းကညမှဆော့မှာမို့ သူရေမိုးချိူးပြီး တစ်ရေးလောက်အိပ်လိုက်သေးသည်  ညရောက်တော့ဝမ်ရိပေါ်ကwechatကidပို့လာသည်မို့ သူဝမ်ရိပေါ်ပြောတဲ့အတိုင်းရှာကာသွားအပ်လိုက်သည်  ခနနေတော့ဝမ်ရိပေါ်ကသူ့ကိုလက်ခံလာကာ စာတန်းလေးတစ်ခုပေါ်လာသည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now