Part -10

1.2K 136 7
                                    

အလင်းမဲ့ဇာတ်ကားဟာ ဒီနေ့မှာဇာတ်သိမ်းပိုင်းလွှင့်မည်ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့ကလည်း အနယ်နယ်အရပ်ရပ်မှာပရိုမိုးရှင်းလိုက်ဆင်းရမည်ဖြစ်သည် ရှောင်းကျန့်မှာ အရင်အပတ်ထဲက Crush ရိုက်ကူးရေးအဖွဲ့နဲ့ joinလိုက်ပြီးဖြစ်ပြီး ဒါရိုက်တာအပါအဝင် အားလုံးကသူ့ကိုချစ်ကြ ခင်ကြပေမယ့် အဓိကဇာတ်လိုက်ကတော့ သူ့ကို ခနဲ့သလို ရွဲ့သလိုလိုနဲ့ စောင်းမြောင်းပြောဆိုလေ့ရှိသည် သို့ပေမယ့် ထိုလူက ရိုက်ကူးရေးလုပ်တဲ့အချိန်မှာတော့ လေးလေးနက်နက်လုပ်တတ်သဖြင့် သူသည်းခံပြီးသာနေလိုက်သည်

" ကျန့်ကျန့် မနက်ဖြန်အလင်းမဲ့ပရိုမိုးရှင်းအတွက် ခွင့်ယူဖို့ ဒါရိုက်တာကို ကောပြောပြီးသွားပြီ "

"ဟုတ်ချန်ကော "

"ဒါနဲ့ကောကြားတယ် ကျန့်ကျန့်ကို ဟို ယွမ်ရှောင်ဝမ်က ဒုက္ခပေးနေတယ်ဆို? ဘာလို့ကောကိုမပြောတာလဲ"

"သူကစကားနဲ့ပဲပြောတာပါ အလုပ်မှာတော့သေချာဂရုစိုက်တယ်လေ အဲ့ကြောင့် ကျွန်တော်မပြောတော့တာ ပြီးတော့ ကောတို့ကိုလည်းဒုက္ခမပေးချင်ဘူး"

"မဟုတ်တာ ဒါကိုဒုက္ခပေးတယ်လို့မှမခေါ်ပဲ"

သူချန်ကောကိုပြုံးရုံသာပြုံးပြလိုက်ပြီး ဇာတ်ညွှန်းဆက်ဖတ်လိုက်သည် သူက ဒီဇာတ်လမ်းမှာ ဒုတိယဇာတ်လိုက်နေရာကဖြစ်ပြီး ဆင်းရဲပေမယ့်စာတော်ပြီး ဘယ်သူနဲ့မှအဆက်အဆံသိပ်မလုပ်တဲ့ကျောင်းသားလေးနေရာကပင် အဓိကဇာတ်လိုက်ကတော့ ကျောင်းဆရာဖြစ်ပြီး ကျောင်းသူတွေရဲ့အသည်းစွဲပုံစံဖြစ်သည်  ဇာတ်လိုက်မက စာလိုက်မလုပ်တဲ့လူချမ်းသာသားသမီးဖြစ်ပြီး သူ့ကိုဂိုက်ဆရာအဖြစ်ငှားရာမှ သူကဇာတ်လိုက်မကိုသဘောကျသွားကာ အဝေးကနေ ငေးကြည့်ရုံသာတတ်နိုင်တဲ့တစ်ဖက်သတ်အချစ်သမားလေးပင်

ဒါရိုက်တာကြီးလှမ်းခေါ်တာကြောင့် သူ ဇာတ်ညွှန်းစာရွက်ကိုချလိုက်ကာ သွားလိုက်သည်

ဝမ်ရိပေါ် အလင်းမဲ့ဇာတ်လမ်းတွဲ ပရိုမိုးရှင်းဆင်းရမှာကြောင့် သူ Usမှာ ပွဲပြီးပြီးချင်းတရုတ်ကိုအမြန်ပြန်လာခဲ့သည် သူ့လို ရုပ်ရှင်ရိုက်ပြီးတိုင်း ပရိုမိုးရှင်းဆင်းရင်မပါတတ်တဲ့ သူကလာမည်ဆိုတော့ အကုန်အံ့ဩသွားကြသေးသည် သူ ကောင်လေးရိုက်ကွင်းမှာ အခြေအနေကောင်းလားသိချင်တာကြောင့် သူအိမ်မပြန်တော့ပဲ ကောင်လေးရိုက်ကူးရေးရှိတဲ့ ရှန်ဟိုင်းကိုသာသွားလိုက်တော့သည် ရိုက်ကူးရေးနေရာရောက်တော့သူ မတ်စ်အမဲ မျက်မှန်အမဲ စပိုစ့်ရှပ်အမဲနဲ့ ဂျင်းဘောင်းဘီကိုသာ‌ေပြာင်းလဲဝတ်ဆင်လိုက်ပြီး  ထသွားထလာပုံစံသာပြင်ဆင်လိုက်သည် သူရောက်လာပြီးရိုက်ကွင်းတစ်ခုလုံး ဆူညံသွားရင်ရိုက်ကူးရေးပျက်သွားမှာစိုးရတာကြောင့်ပင် သူ ချန်ပင်းကိုဆက်သွယ်လိုက်ကာ ရိုက်ကူးရေးအဖွဲ့ထဲ အတားအဆီးမရှိ ဝင်လို့ရသွားပြီး တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ကောင်လေးဆီသွားဖို့ပြင်လိုက်သည်  သို့သော် ရိုက်ကွင်းထဲ တစ်နေရာမှာလူတွေစုနေကြပြီး လူတစ်ယောက်အသံသာ ဟိန်းထွက်နေသည် သူသွားနေရာမှ ရပ်လိုက်ပြီး ထိုနေရာကိုလှမ်းကြည့်လိုက်တော့ သူရှာနေတဲ့ကောင်လေးကိုတွေ့လိုက်ရသည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now