Part -9

1.2K 124 4
                                    

ရှောင်းကျန့်ရိုက်ကူးရေးအဖွဲ့မှာရှိနေတာ သုံးလကျော်ရှိပြီဖြစ်သည် သူဒီနေ့နောက်ဆုံးဇာတ်ဝင်ခန်းရိုက်ရမှာဖြစ်ပြီး သူကိုယ့်ကိုယ်ကိုသတ်သေတဲ့အပိုင်းဖြစ်သည် ရှန့်ထျန်းဝိညာဥ်ကို ကျိုးမင်ရှဲ့က ဝိညာဉ်စုနတ်ဘုရားအိတ်ထဲထည့်ထားပြီး မိစ္ဆာတစ်သောင်းအစီအရင်လုပ်ကာ အသက်ပြန်သွင်းလိုက်ခြင်းပင် သူစစရိုက်ချင်းဒါရိုက်တာကြီးတို့ပြောတာတော့ bromanceဇာတ်လမ်းပါပဲ novelက blသဘောမျိုးဆိုပေမယ့်ပေါ့ ပြီးတော့ရှောင်ကျန့်ဟာလည်း ဇာတ်ဝင်ခန်းနည်းနည်းပဲရှိသည်ပင် သို့ပေသိ အပိုင်း၃ပိုင်းလွှင့်ပြီးနောက်မှာ ဇာတ်ညွှန်းရေးဆရာမက ဇာတ်ကွက်တွေအများကြီးထည့်ပေးလာပြီး ရှောင်ကျန့်မှာ ဒုတိယဇာတ်လိုက်ထက်ပင် အခန်းတွေပိုများလာလေသည် ဒါရိုက်တာကြီးပြောတာကတော့ fanတွေတောင်းဆိုတာဟုပင် သူ မိတ်ကပ်ဆရာမသွေးအတုတွေသူ့မျက်နှာပေါ်ခြယ်ပေးသည်ကိုငြိမ်နေလိုက်ပြီး ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာစဉ်းစားနေလိုက်သည်

ရှန့်ထျန်းကအသက်ပြန်ဝင်လာပေမယ့် သူ့မှာစိတ်ခံစားချက်မရှိတော့ပေ သူ့အသားအရည်ကတဖြေးဖြေးပျက်ဆီးလာပြီး တချို့နေရာတွေမှာအသားတွေကွာနေသည်ကိုတောင်မြင်ရသည် သူ့ကိုသူ့ဆရာက ငယ်ဘဝကအကြောင်းအရာတွေပြော‌ေလ့ရှိပေမယ့် သူ့နားမလည် ဒါပေမယ့် ဒီနေ့သူသရုပ်ဆောင်ရမယ့်အပိုင်းမှာတော့ တစ်နေ့သူ့ဆရာကိုလူတွေကအပြစ်တင်ရှုံ့ချနေပြီး ဂိုဏ်းအားလုံးစုပေါင်းကာဝိုင်းတိုက်ခိုက်ကြတာကိုသူမြင်လိုက်ရသည် သူ ရုတ်တရက် မှတ်ဉာဏ်တွေပြန်ရလာပြီး မျက်နှာမှာခံစားချက်မပြနိုင်ပေမယ့် သူ့မျက်လုံးတွေက ဝမ်းနည်းမှု ပူဆွေးမှု ကိုယ့်ကိုယ်ကိုအပြစ်တင်မှုတွေပြည့်နှက်နေကာ သူ့ဆရာကိုကြည့်နေသည် သူ့ဆရာကသူ့ကိုခေါ်ကာ ထိုလူတွေလက်မှ လွတ်အောင်ထွက်ပြေးပြီး  ဒဏ်ရာရကာအားနည်းနေတဲ့အချိန်  သူ့ဆရာမလှုပ်န်ိုင်‌ေအာင်အ‌ေကြာနှိပ်လိုက်ပြီး သူ့အတွက်ကြောင့်နဲ့အမှားတွေထပ်မလုပ်ဖို့ သူနောက်ဘဝမှာ သူ့ဆရာဆီမှာတပည့်ဖြစ်ချင်တဲ့အကြောင်းပြောပြီး သူ့ကိုယ်သူဖောက်ခွဲပစ်မှာဖြစ်သည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးDonde viven las historias. Descúbrelo ahora