Part-22 (ရှစ်ယင်)

655 58 4
                                    

ရှစ်ယင်မူး‌ကိုက်နေတဲ့ခေါင်းကိုဖိကာ အိပ်ရာပေါ်ထထိုင်လိုက်တယ်

'သူဘာဖြစ်သွားတာလဲ ? သူအခုနလေးတင် အိမ်တော်ဝန်းထဲလမ်း‌ေလျှာက်နေတာလေ'

"သခင်လေး...."

သူအသံကြားရာကြည့်လိုက်တော့ သူ့အစေခံမိန်ဟွား ကသူ့ကိုမျက်ရည်တွေဝေ့သီနေတဲ့မျက်ဝန်းအစုံနဲ့ကြည့်နေတာကိုတွေ့လိုက်ရသည် သူ့ကိုကြည့်ရတာ ငိုတော့မယောင်

သူကဆူညံတာတွေမကြိုက်တဲ့သူတစ်ယောက်မို့ သူ့ခေါင်းကိုဖိကိုင်ထားရင်းအားယူကာ

"မိန်ဟွား..မငိုစမ်းနဲ့"

"အဟင့် ဟုတ် ဟုတ် သခင်လေး"

သူမည်သည့်စကားမျှမဆိုတော့ပဲ ခေါင်းမူးပြေအောင် ငြိမ်ငြိမ်လေးနေနေလိုက်သည် လှဲနေရင်ပိုဆိုးမှာသူသိတာကြောင့်လှဲလည်းမလှဲရဲ 

ထိုချိန် ဆူညံလှတဲ့စကားသံတွေနဲ့တွန်းဖွင့်ခြင်းခံလိုက်ရတဲ့သူ့အဆောင်တံခါး

သူမျက်မှောင်ကြုံ့ကာတံခါးဝကိုကြည့်လိုက်တော့ စိုးရိမ်နေတဲ့မျက်နှာအနေအထားနဲ့ သူ့သတို့သားလောင်းကိုတွေ့လိုက်ရသည် ထိုသူကသူ့ဆီ‌ေလျှာက်လာပြီးတစ်ခုခုပြောဖို့ပြင်နေစဉ်မှာပင် သူလက်ကာပြလိုက်ကာ

"ဘာမှမပြောနဲ့ တိတ်တိတ်လေးနေစမ်းပါ"

ရှဲ့ယွင် သူ့ဇနီးလောင်းလေး မူးလဲတယ်ကြားလို့ ညီလာခံကပင်အမြန်ပြေးလာခဲ့တာဖြစ်သည် သူအဆောင်တံခါးဖွင့်လိုက်တော့မြင်လိုက်ရသည်က ကုတင်ပေါ်မျက်‌ေမှာင်ကြံု့ပြီးထိုင်နေတဲ့ သူ့ဇနီးလောင်းလေး ဖြူဖျော့နေတဲ့အသားအရည်နဲ့ အားမရှိတဲ့ပုံပေါ်နေတာကြောင့်သူစိတ်ထဲမကောင်း သူအားပေးဖို့ စကားပြင်လိုက်စဉ် ပြောလာသည်က

'ဘာမှမပြောနဲ့တဲ့.. ' သူပါးစပ်သာပြန်ပိတ်လိုက်ရင်း သူ့ဇနီးလေးဘေးသာအသာလေးသွားထိုင်လိုက်တော့သည်

"အဆင်ပြေရဲ့လား?"

"ငါ့အခုပုံစံကအဆင်ပြေနေတဲ့ပုံပေါ်လို့လား?"

"မပေါ်ဘူး"

"အဲ့ဒါဆိုသိလိုက်တော့လေ"

သူဘာမှဆက်မပြောဖြစ် သူ့လို စစ်သူကြီးကိုလူတိုင်းကကြောက်ကြ ရိုသေကြပေမယ့် ချွင်းချက်အနေနဲ့ သူ့ဇနီးလောင်းတော့မပါ သူကလည်းချစ်တာကိုးးး

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now