Part -2

1.7K 150 1
                                    

ရှောင်ကျန့် သူတို့သဘောတူစာချုပ်ချုပ်ဖို့ဝမ်ရိပေါ်ကချိန်းလာတာကြောင့် ဟိုနေ့ကသူတို့ထိုင်တဲ့ကော်ဖီဆိုင်ကိုရောက်နေခြင်းဖြစ်သည် ထိုသူကတော့မရောက်သေး  သူကော်ဖီအေးတစ်ခွက်သာမှာလိုက်ပြီး မှန်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေလိုက်သည် သူအတွေးထဲမျောနေတုန်း သူ့အရှေ့ကခုံမှာမျက်မှန်အမဲ နှာခေါင်းစည်းအမဲတပ်ထားပြီးတစ်ကိုယ်လုံးအလုံထုတ်ထားတဲ့လူတစ်ယောက်ထိုင်လိုက်တာကိုတွေ့လိုက်ရသည် သေချာပါတယ် ဒါသူ့သတို့သားလောင်းဝမ်ရိပေါ်

ဝမ်ရိပေါ် ရိုက်ကွင်းကနေနေ့တစ်ဝက်ခွင့်ယူပြီး အပြေးလာခြင်းဖြစ်သည် သူရောက်တော့ အပြင်ဘက်ကိုငေးကြည့်ကာ သူ့ကိုသတိထားမိဟန်မရတဲ့ကောင်လေးကြောင့် မျက်ခုံးတို့တွန့်ချိုးမိသွားသည်

'အပြင်ကမြင်ကွင်းတွေကငါ့ထက်ကြည့်ကောင်းလို့လား???'

(ဝတ်ထားတာတွေချွတ်ပြီးမှပြောသင့်တယ်ဖေပေါ်ရေ)

သူစိတ်မကြည်တော့တာကြောင့် သူ့ရှေ့ကကောင်လေးကိုဖိုင်တစ်ခုပေးလိုက်ပြီး ခုံကိုပျင်းတိပျင်းတွဲမှီလိုက်ကာ

"မင်းစောင့်နေတာကြာပြီလား?"

ရှောင်ကျန့်ဖိုင်ကိုလှမ်းယူကာဖွင့်လိုက်ပြီးစာချုပ်ကိုလှန်ကြည့်နေကာ

"ဒါပေါ့ အကြာကြီးပဲ ဝမ်ကျယ် ခင်ဗျားကအချိန်မလေးစားလိုက်တာ"

ဝမ်ရိပေါ် ‌စကားစရှာပြီးမေးလိုက်တာကို ကောင်လေးက ထိုသို့ပြန်ဖြေလိုက်မည်လို့သူမထင်ခဲ့ပေ မသကာ

'မကြာသေးပါဘူးဝမ်ကောရဲ့ ကျွန်တော်လည်းအခုမှရောက်တာ'

ပြောမယ်လို့ သူထင်မိခဲ့တာလေ

ရှောင်ကျန့် သူကောင်းကောင်းမွန်မွန်ဖြေချင်ပေမယ့် ဘုကလန့်ပြောတတ်တဲ့သူကိုဘုကလန့်ပြောမှ ပဲအနိုင်ယူနိုင်မယ်ဆိုတာသူသိသည် ထို့ကြောင့်သူထိုသို့ဖြေလိုက်ခြင်းပင် ရှောင်ကျန့် ရှေ့ကမျက်နှာရှစ်ခေါက်ချိုးဖြစ်သွားတဲ့သူကို‌ကြည့်လိုက်ပြီး အသံတိတ်ရယ်လိုက်မိသည်

'ဘာတတ်နိုင်သေးလဲ idol ကြီးရေ'

ဝမ်ရိပေါ်ခနတာတိတ်ဆိတ်သွားပြီး ချောင်းဟန့်လိုက်ကာ

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now