Part -7

1.3K 126 8
                                    

သူတို့တစ်နေ့တာရိုက်ကူးရေးပြီးတော့ ဒါရိုက်တာကြီးက hotel အနီးက စားသောက်ဆိုင်မှာတစ်ဖွဲ့လုံးကိုညစာလိုက်ကျွေးသည် အခြားသူတွေကလည်း ရှောင်းကျန့်ကိုဂုဏ်ပြုစကားလာပြောကြပြီး မသိမသာအကဲခတ်နေကြသည် စားသောက်ပြီးတော့ သူရင်ပြည့်နေတာ‌ေရာဟိုတယ်နဲ့လည်းသိပ်မဝေးတာကြောင့်ရော သူလမ်းလျှောက်ပြန်ဖို့သာရွေးလိုက်သည် သူအေးအေးလူလူလမ်းလျှောက်နေရင်း အနောက်ကနေခြေသံတရှပ်ရှပ်ကြားတာကြောင့် ခြေလှမ်းတွေကိုအနည်းငယ်မြန်လိုက်သည် သူ့နောက်ကလူရဲ့ခြေသံကလည်းတဖြေးဖြေးမြန်လာပြီး သူ့အနား နီးနီးလာတာကိုခံစားမိတာကြောင့် သူပြေးဖို့စဉ်းစားနေစဉ် ရုတ်တရက်ပြောလာတဲ့အသံဩရှရှကြောင့် သူ့လှုပ်ရှားမှုတို့ရပ်တန့်သွားရသည်

"ရှောင်းကျန့်?"

"ဘာလို့ပြေးနေတာလဲ?"

သူအနောက်လှည့်ကြည့်လိုက်တော့ ဝမ်ရိပေါ်က ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားပြီးသူ့ကိုမျက်ခုံးပင့်ပြလိုက်တာကိုတွေ့လိုက်ရသည်

'အဲ့မျက်ခုံးတစ်ဖက်ပင့်တဲ့အချိန်မှာ ရှောင်းကျန့်နှလုံးသားလေး ပါသွားပြီလေ'

သူချောင်းအသာဟန့်လိုက်ရင်း

"အဟမ်း ဝမ်ကျယ် ခင်ဗျားလို့မထင်မိလို့"

"Ohhh အဲ့ဆို ဘယ်သူလို့ထင်လို့လဲ?"

"ဘာမှမထင်ပါဘူး"

"ဟုတ်လို့လား ဒီနားမှာဟိုတလောက ပြန်ပေးဆွဲခံရတယ်ကြားတယ်"

"တကယ်လား?"

ဝမ်ရိပေါ်ကသူ့နားလျှောက်လာကာ နှုတ်ခမ်းထောင့်ကွေးရုံပြလိုက်ပြီး

"မဟုတ်ဘူး စတာ"

သူမျက်စောင်းခိုးထိုးလိုက်ကာ စိတ်ထဲကတိတ်တိတ်လေးကျိန်ဆဲလိုက်သည်

'လူယုတ်မာကြီး'

ဝမ်ရိပေါ်ကသူ့ကိုကျော်ကာလျှောက်သွားပြီး

"မရင်းနှီးတဲ့နေရာရောက်နေတာတစ်ယောက်တည်းမသွားနဲ့လေ လက်ထောက်တွေရှိတယ်မလား?ဘယ်ရောက်နေတာလဲသူတို့"

ရှောင်းကျန့် ဝမ်ရိပေါ်‌နောက် အပြေးလေးသွားလိုက်ပြီး ဝမ်ရိပေါ်နဲ့ အနည်းငယ်ခွာလျှောက်လိုက်ကာ

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now