Part -12

1.1K 113 1
                                    

showပွဲပြီးတော့ ဝမ်မိသားစုနဲ့ရှောင်မိသားစုညစာစားပွဲရှိတာကြောင့် ရှောင်းကျန့်ဝမ်ရိပေါ်နဲ့အတူပဲထွက်လာခဲ့သည် သူကားပြတင်းပေါက်အပြင်ဘက်ကရှုခင်းတွေကိုငေးကြည့်ရင်း ဝမ်ရိပေါ်ကိုမေးသင့်မမေးသင့်စဉ်းစားနေမိသည် သူဆုံးဖြတ်ချက်ချလိုက်ကာ ဝမ်ရိပေါ်ကိုခိုးကြည့်လိုက်တော့ တိုက်ဆိုင်စွာပင် ဝမ်ရိပေါ်ကလည်းသူ့ကိုကြည့်နေသည် သူတို့အတန်ကြာအကြည့်ချင်းဆုံသွားပြီး ဝမ်ရိပေါ်က ချောင်းအသာဟန့်ကာအကြည့်လွှဲသွားသည် သူသက်ပြင်းဖွဖွလေးချလိုက်ကာ စဉ်းစားခန်းဝင်လိုက်မိသည်

'သူဘာလို့ငါ့ကိုကြည့်နေတာလဲ?'

သူဝမ်ရိပေါ်နားအနည်းငယ်တိုးသွားလိုက်ပြီး တိုးတိုးလေးခေါ်လိုက်သည်

"ဝမ်ကျယ်..."

"အင်း"

ဝမ်ရိပေါ်ကသူ့ကိုမကြည့်ပဲ အသံတစ်သံသာပြုကာအပြင်ဘက်ရှုခင်းတွေကိုကြည့်နေသည် သူသေချာကြည့်မိတာ ဝမ်ရိပေါ်နားတွေနီနေသလားလို့......

"ကျေးဇူးတင်ပါတယ်"

ဝမ်ရိပေါ်ကထိုအခါမှသူ့ကိုစောင်းငဲ့ကြည့်လာပြီး

"ဘာကိုလဲ?"

"ကျွန်တော့်ကိုရိုက်ကွင်းမှာကူညီပေးလို့"

"မလိုပါဘူး"

"ဒါနဲ့ခင်ဗျား အချိန်ရောအားလို့လား မအားလည်း...."

"ကိုယ်အားတယ် အခုတလော ကိုယ်အားလုံးနားထားတာ မင်းကံကောင်းသွားတယ်ဆိုရမယ်"

"အော်..."

သူအာမေဠိတ်သံလေးသာထွက်ပြီး ပြတင်းပေါက်နားပြန်တိုးသွားကာရှုခင်းတွေကိုသာပြန်ကြည့်နေလိုက်သည်

ဝမ်ရိပေါ်သူ့နားကပ်မထိုင်တဲ့ကောင်လေးကိုကြည့်ကာအတွေးများနေရင်း သူ့ဘက်လှည့်လာတဲ့ကောင်လေး သူတို့အကြည့်ချင်းဆုံသွားပြီး သူ့နှလုံးခုန်သံကတဒိတ်ဒိတ် မျက်နှာကလည်းပူလာပြီး ကြက်သီးတွေထသွားသလိုပင် သူချောင်းဟန့်လိုက်ကာ အကြည့်လွှဲလိုက်ပြီး လေရလို ရငြား ပြတင်းပေါက်ကိုသာမျက်နှာမူနေလိုက်သည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now