Part-15

1.2K 103 2
                                    

ရှောင်းကျန့် ကားအပြင်ကမြင်ကွင်းတွေကိုကြည့်သယောင်ထင်ရပေမယ့် သူ့အာရုံကတော့ ဝမ်ရိပေါ်ဆီကိုပဲရောက်နေသည် ညစာစားတဲ့တစ်ချိန်လုံး မျက်နှာတည်ကြီးနဲ့ဖြစ်နေပြီး အိမ်ပြန်တော့လည်း ဘေသွားရှင်းတဲ့မင်ကောကိုပင်မစောင့် သူ့ကိုလက်ဆွဲကာ ကားထဲဝင်စေပြီး သူကိုယ်တိုင်ကားမောင်းထွက်သွားတဲ့ ဝမ်ရိပေါ်ကို သူနားမလည်နိုင်တော့

'ဘာဖြစ်နေတာလဲ?'

ကားအပြင်ဘက်ကိုကြည့်တော့လည်း မဲမှောင်နေပြီး လမ်းမီးတိုင်တချို့ကြောင့် လယ်ကွင်းတွေပဲရှိတယ်ဆိုတာသူမြင်ရသည်

'အိစ့် ငါ့ကိုလက်စဖျောက်ဖို့များလား??'

သူ့အတွေးနဲ့သူပြာယာခတ်နေစဉ် အသံဩရှရှတစ်ခုက သူ့အတွေးတွေကို နှောင့်ယှက်လိုက်သည်

"ကိုယ် စိတ်ရှုပ်နေလို့ မင်းအနားယူမှာကိုအနှောင့်အယှက်ဖြစ်သွားစေမလား??"

ရှောင်ကျန့် ရုတ်တရက်အမေးစကားကြောင့် အနည်းငယ်ကြောင်အသွားပြီးမှ သူ ခေါင်းခါလိုက်ကာ

"မဖြစ်ပါဘူး မဖြစ်ပါဘူး ဝမ်ကော"

"အင်း"

ကားအတွင်းတစ်ဖန်တိတ်ဆိတ်သွားပြန်ကာ အတန်ငယ်ကြာမှ

" မင်းဘွဲ့ရပြီးပြီလား?? "

"ဟင့်အင်း ကျွန်တော်ကနှစ်ကုန်မှဘွဲ့ယူရမှာ "

"အော်..."

"သူနဲ့က မေဂျာအတူတူပဲလား?"

"မဟုတ်ဘူး သူက အစီအစဉ်တင်ဆက်သူ ကျွန်တော်ကသရုပ်ဆောင် "

"အင်း"

ဝမ်ရိ‌ေ‌ပါ်ကအသံတစ်သံသာပြုလိုက်ပြီး လမ်းဘေးတစ်နေရာ ကားထိုးရပ်လိုက်သည် မီးတိုင်လည်းရှိတော့ သူတို့တစ်ယောက်ကိုတစ်ယောက်သေချာမြင်လိုက်ရသည်

ဝမ်ရိပေါ်ကမျက်ခုံးတွန့်ချိုးနေပြီး ကားအပြင်ဘက်ကိုငေးကြည့်နေသည် သူကတော့ ဝမ်ရိပေါ်ကိုငေးကြည့်ရုံပေါ့

'ဘေးဘက်ကကြည့်ရတာလည်းချောနေတာပဲ Vလိုင်းမေးရိုးနဲ့ အားးးအားးးသေပြီ'

(ရှောင်းကျန့်ကအပြင်မှာတည်ငြိမ်ပေမယ့် စိတ်ထဲမှာတော့fanတစ်ယောက်ရဲ့ဗီဇရှိပါတယ်နော်)

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now