Part-3

1.7K 167 4
                                    

မနက်ခင်းနေရောင်ခြည်က ပြင်သစ်ပြတင်းပေါက်ကနေ အဖြူရောင်မွေ့ရာကြီးပေါ်အိပ်နေတဲ့ကောင်လေးအပေါိဖြာကျလျက်ရှိသည် ထိုကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသလို ကုတင်ဘေးကစားပွဲခုံပေါ်တင်ထားတဲ့ဖုန်းလေးဟာလည်း တုန်ခါလျက် စခရင်ပေါ်မှာ ချန်ကော လို့ရေးထားတဲ့စာတန်းလေးကပေါ်နေသည်

ထိုကောင်လေးကဖုန်းသံဆူညံနေတာကြောင့်ထင် မျက်လုံးမဖွင့်သေးပဲ အိပ်ချင်မူးတူးဖြင့်ထထိုင်လိုက်ကာ ဖုန်းကိုကိုင်လိုက်သည်

"ဟယ်လို?"

"ကျန့်ကျန့် လူရွေးပွဲသွားရမယ် ပြင်ထားလိုက် ကောလာခေါ်မယ်"

"အခုလား ကော"

"အင်းအခုပဲ"

"ဟုတ် ဟုတ် ကောင်းပါပြီ"

ရှောင်ကျန့်ဖုန်းကိုချလိုက်ပြီးရေချိုးမျက်နှာသစ်ကာ ရှပ်အင်္ကျီအဖြူလေးကိုကောက်ဝတ်လိုက်ပြီး သူ့အေးဂျင့်ဖြစ်သူကိုစောင့်နေလိုက်သည်

ရှောင်ကျန့် ဝမ်ရိပေါ်နဲ့ လက်ထပ်ပြီးတာ ငါးရက်ရှိပြီဖြစ်သည် ရုတ်တရက်ဆန်တဲ့ လက်ထပ်လိုက်မှုကြောင့် မိဘတွေဆူတာကိုလည်းခံလိုက်ရပြီး အတော်လေးနားပူခဲ့ရသည် ဝမ်ရိပေါ်ရဲ့ မိသားစုဘက်ကတော့ သူ့ကိုအတော်လေးချစ်ကြသည်

ဝမ်ရိပေါ်ကတော့ သူနဲ့လက်ထပ်တဲ့နေ့တည်းကပြန်မလာပေ ရိုက်ကွင်းမှာပဲနေနေသည် သူတစ်ယောက်ထဲဝမ်ရိပေါ်ရဲ့ဗီလာကြီးမှာနေနေရတာဖြစ်ပြီး အရင်ကုမ္ပဏီဟောင်းနဲ့လည်းစာချုပ်ဖျက်ကာ ဝမ်ရိပေါ်ကုမ္မဏီနဲ့ စာချုပ်ချုပ်လိုက်သည် ကုမ္ပဏီမှာ အနုပညာရှင်ဆိုလို့ ဝမ်ရိပေါ်နဲ့သူနှစ်ယောက်ထဲ
သူ့အေးဂျင့်အသစ်ဖြစ်တဲ့ချန်ကောကကုမ္ပဏီနဲ့လက်မှတ်ထိုးပြီးတဲ့ညမှာပဲ ဇာတ်ညွှန်းလေးစုံလောက်ယူလာခဲ့သည် အဲ့ဇာတ်ညွှန်းတွေထဲကမှ ရှောင်ကျန့်ကအပတ်စဉ်ပြမယ့် ရှန်းရှဇာတ်လမ်းတွဲကိုရွေးလိုက်သည် ဒါပေမယ့် သူလူရွေးပွဲဖြေရဦးမှာဖြစ်သည် သူမကြောက်ပါ သူကအနုပညာတက္ကသိုလ်တက်နေတဲ့‌ေကျာင်းသားဖြစ်တာကြောင့် သရုပ်ဆောင်ရတာမခက်

ရှောင်ကျန့် သူအတွေးများနေတုန်း သူ့အေးဂျင့်ချန်ကောရောက်လာတာကြောင့်လူရွေးပွဲဆီသွားလိုက်သည် နာမည်ကြီးဒါရိုက်တာ ယဲ့ ရိုက်မယ်ဆိုတာကြောင့်လားမသိ လူရွေးပွဲလာဖြေသူအတော်များသည် ဘာလို့ဆို ဒါရိုက်တာယဲ့ချိုးက သဘောကောင်းပြီးကြင်နာတတ်တဲ့ငါးဆယ်ကျော်အရွယ်သာဖြစ်ပြီး သူရိုက်သမျှဇာတ်ကားတွေအားလုံးကဆုမရတဲ့ကားမရှိသလောက်မို့ဖြစ်သည်
သို့သော် ရုပ်ရှင်ရိုက်ပြီးဆိုတာနဲ့စည်းကမ်းတင်းကြပ်သည် ဟုနာမည်ကြီးသည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now