Part24 (ရှစ်ယင်)

493 41 3
                                    

ရှစ်ယင် အဆောင်ရှေ့မှာ ဝေခွဲမရဟန်ဖြင့်ရပ်စောင့်နေခဲ့သည် သူဘယ်လိုလုပ် ဒီလိုစိတ်လိုက်မာန်ပါလုပ်မိမှန်းမသိ သူရပ်စောင့်နေတုန်း သတင်းပို့တဲ့ရဲမက်က ပြန်ထွက်လာပြီးအထဲဝင်လို့ရပြီပြောလို့ သူ ဝင်သွားလိုက်တယ် သူအထဲရောက်တော့မြင်လိုက်ရသည်က သူ့ကိုကျောပေးကာ ရေနွေးကြမ်းသောက်နေတဲ့သူ ထိုသူက သူဝင်လာတာကို သတိထားမိသွားဟန်ရကာ နောက်လှည့်မကြည့်ပဲ သူ့ကိုပြောလာသည်

"ရှောင်းသခင်လေးကကိုယ့်ကိုလာရှာတယ်ဆိုလို့ ကိုယ်အံ့ဩမိသွားတယ်"

ထိုသူက သူ့လက်ထဲကရေနွေးကြမ်းခွက်ကို ခုံပေါ်ပြန်ချထားလိုက်ရင်းအနောက်လှည့်ကြည့်လာကာ

"ကိုယ့်ကိုသတိရလို့လား?"

"အဖေက...အရှင့်သားအဆင်ပြေရဲ့လားသိချင်လို့"

"ကိုယ်အဆင်ပြေပါတယ် လို့အမတ်ချုပ်ကြီးကိုပြောပေးပါ"

ရှစ်ယင်ဘာဆက်ပြောရမလဲမသိတာကြောင့် နေရာမှာပဲရပ်မြဲရပ်နေလိုက်သည်

"မထိုင်တော့ဘူးလား?"

"အာ....အင်း မထိုင်တော့ဘူး ကျွန်တော်နားချင်ပြီ"

"ယာယီတဲအပိုမရှိတော့ဘူး"

"...."

"အဲ့တော့ ဘယ်လိုလုပ်မလဲ? ပြန်မှာလား? ကိုယ်နဲ့နေမလား?"

ရှစ်ယင်မျက်မှောင်ကြုံ့လိုက်ပြီး

"အရှင့်သားနဲ့နေရလည်းကိစ္စမရှိပါဘူးကျွန်တော်အရှငိ့သားကိုယုံတယ်လေ"

ရှစ်ယင်ရဲ့ထိုစကားတစ်ခွန်းကြောင့်ရှဲ့ယွင်ရင်ထဲပန်းတွေပွင့်သွားတာကိုတော့မည်သူမှသိနိုင်မယ်မထင်

"အဟမ်း "

ရှဲ့ယွင်ပြုံးချင်စိတ်ကိုချုပ်ထိန်းထားပြီးချောင်းအသာဟန့်လိုက်ကာ

"ကောင်းပြီ မင်းကိုယ်လက်သန့်ရှင်းရေးလုပ်ဖို့အတွက် ကိုယ်အပြင်ထွက်ပေးမယ်"

သူပြန်စာမ‌ေစာင့်‌ေတာ့ပဲရှစ်ယင်ကိုတစ်ချက်ခိုးကြည့်လိုက်ပြီး အပြင်သို့မပြေးရုံတမယ်ပြေးသွားလိုက်သည် သူ့ရင်ထဲမီးရှူးမီးပန်းဖောက်နေပြီလေ

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးحيث تعيش القصص. اكتشف الآن