Part-20

1K 107 7
                                    

Crushရိုက်ကူးရေးကပြီးဆုံးသွားပြီဖြစ်ပြီး ရှောင်းကျန့်ဘွဲ့ယူရမယ့်ရက်ဟာလည်းနီးကပ်လာခဲ့သည် ဝမ်ရိပေါ်လည်းအလုပ်တွေအားလုံးနားထားပြီး ဂိမ်းဆော့လိုက် ရှောင်းကျန့်ကိုအစားအစာတွေချက်ကျွေးလိုက်နဲ့ အနားယူချိန်မရှိ ရှောင်ကျန့် တစ်ခါတစ်ခါတွေးမိသည် ဝမ်ရိပေါ်ဒီလိုဆက်လုပ်နေရင် သူ့ရဲ့ ဖန်နှလုံးသားလေးကကွဲအက်ပြီး မထားသင့်တဲ့ ချစ်ခြင်းမျိုးဝင်လာတော့မှာကိုသူစိုးရိမ်သည် ဒါပေမယ့် သူဘယ်လိုပြောရမလဲ ဝမ်ရိပေါ်ကသူ့ကိုညီလေးတစ်ယောက်လို ချစ်တယ်ဆိုတာတော့သူသိတာကြောင့် ရှောင်ပြီးခပ်ဝေးဝေးနေရမှာသူတကယ်အားနာသည်

"ကောင်လေး ဒါကဆန်ခေါက်ဆွဲ ကိုရီးယားမှာတော့ လူအတော်များများကြိုက်ကြတယ်"

သူအတွေးထဲ နစ်နေတုန်း ဝမ်ရိပေါ်ရဲ့အသံကိုကြားတာကြောင့်ကြည့်လိုက်တော့ ဂင်ချီကိုတူနဲ့ညှပ်ကာသူ့ကိုရှင်းပြနေတဲ့ သူ့အိုင်ဒေါ သူမျက်တောင်တောင်ခတ်မိရဲ့လားမသိ ကြည့်နေမိပြီး ဝမ်ရိပေါ်အသံကြားမှအသိပြန်ဝင်လာသည်

"ကိုယ့်မျက်နှာမှာဘာပေနေလို့လဲ?"

"ကျွန်တော့်ကိုဘာလို့အခုလို ကောင်းပေးနေရတာလဲ?"

"Ummmm?"

သူဝမ်ရိ‌ပေါ်လို ဂင်ချီတစ်ဖက်ယူကာ ဆန်ခေါက်ဆွဲပေါ်တင်လိုက်ပြီး တစ်လုတ်စားလိုက်ရင်း

"ကျွန်တော့်ကိုဘာလို့ ကောင်းပေးနေတာလဲ လို့ "

"မင်းက ကိုယ်နဲ့လက်ထပ်ထားတာ"

ဝမ်ရိပေါ် ရုတ်တရက်ကောင်လေးအမေးကြောင့် သူကြောင်အသွားမိသည် သူဝန်ခံလိုက်ဖို့သတ္တိမရှိသေးတာကြောင့် အခြားအကြောင်းပြချက်တစ်ခုပေးလိုက်ပေမယ့် သူ့ကိုဘာမှမပြောပဲ ကြည့်နေဆဲဖြစ်တဲ့ကောင်လေးကြောင့် သူနှလုံးခုန်မြန်သွားသည်

"မင်းကကိုယ့်အနုပညာရှင်လေ"

"အော်..."

သူတို့နှစ်ယောက်ကြားလေထုမှာ တိတ်ဆိတ်သွားပြီး

"ကျွန်တော်တို့ စာချုပ် သက်တမ်းပြည့်တော့မယ်"

ဝမ်ရိပေါ်သူ့လှုပ်ရှားမှုရပ်တန့်သွားပြီး ကောင်လေးကိုကြည့်လိုက်သည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now