ဆေးတိုက်ထားတယ်လည်းပြောသေးသည်..။ပိုပြီးအသားတွေပါမထိရဲလောက်အောင် ပူခြစ်လာတာကြောင့် ရှန်ဟတ်စိတ်မရှည်ပါ..။စွေ့ကနဲကောက်ချီကာ ဆိုင်လှေကားပေါ်ကဆင်းပြေးသည်..။
''ဘယ်သွားမလို့လဲ ဟေ့''
မနေ့ကဖြစ်ရပ်ကြောင့် နောင့်အပေါ်တစ်ခုခုလုပ်ပစ်မှာစိုးရိမ်ကာ ခွန်းသက အပေါက်ဝမှပိတ်ရပ်မေးလေသည်... ။
''ဆေးရုံခေါ်သွားမလို့''
မသိရင်ကားတင်ပြေးတော့မယ့်ရုပ်နဲ့...ဟုခွန်းသတွေးမိသော်လည်းထုတ်မပြောဖြစ်ပါ..။
''ငါလိုက်ခဲ့မယ် ဆေးရုံလိပ်စာပြောခဲ့ပေး''
ကျော်စိုးကအခုထိမပြန်ရသေးတာမလို့
ရှန်ဟတ် ကားနောက်ခန်းမှာဝင်ထိုင်ကာဆေးရုံသို့မောင်းစေသည်..။မပွနျရသေးသညျ့အကွောငျူရငျးက
ခွန်းသတို့ coffeeဆိုင်ကနေမုန့်မှာစားနေတဲ့ကျော်စိုး နောက်ဆုံးပေါင်မုန့်လေးကိုကိုက်ရင်း ကားမောင်းပေးရပြန်သည်..။
''ဘာလို့ဒီလောက်နုရတာလဲကွာ
ဒီကေလးက''အဖျားရှိန်နဲ့နီရဲနေတဲ့ပါးလေးကိုဖိနမ်းရင်း ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်ဖက်ထားသည်က မနေ့ကကြမ်းရမ်းခဲ့တဲ့လူနဲ့ဘာမှမဆိုင်အောင်နူးနူးညံ့ညံ့..
ကားနောက်မှန်ကနေခိုးကြည့်နေသည့်ကျော်စိုးနဲ့အကြည့်ချင်းဆုံသွားတဲ့အခါ ရှန်ဟတ်မျက်ခုံးထူတွေကတွန့်ချိုးသွားလေသည်..။
''အဖျားလျော့သွားအောင်လုပ်နေတာ''
ညဏ်ရည်မြင့်လွန်းတဲ့မောင်ဟာ တစ်စုံတစ်ယောက်နှင့်ပတ်သက်လာလျှင် တစ်ဇွတ်ထိုးဆန်ဆန်လူငယ်လေးလို..
အဖျားရှိန်ရယ် ပွေ့ပိုက်ထားတဲ့အပူငွေ့တွေကြောင့် ရင်ခွင်ထဲမှရုန်းထွက်လိုဟန်လူးလွန့်တဲ့အခါ ပိုလို့တင်းကျပ်သွားတဲ့လက်အကြောတွေ.ါ
အနည်းငယ်တောင်မှဒီလူသားလေးအား
ငြင်းဆန်ခွင့်မပေးနိုင်ခဲ့.. အလွတ်မပေးလိုတဲ့မောင်ဟာ ပိုင်ဆိုင်လိုစိတ်ကြီးမားနေခဲ့သယောင်ပုဂ္ဂလိကဆေးရုံသို့ဝင်သွားပြီးသာမန်ဖျားရုံသာရှိသောလူနာအား ဆေးရုံအုပ်ကြီးပါလာကြည့်ရသသည်အထိ စိုင်းရှန်ဟတ် ရဲ့အာဏာစက်ဟာပြင်းသည်..။
BẠN ĐANG ĐỌC
လေပြည်မရှိသောအရပ် (season2)
Lãng mạnMy second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .