မင်းကမောင့်အပိုင်မလို့

3.7K 278 57
                                    

''နောက်ဆုံးတော့အောင်သွားပြီပေါ့...
ငါ့တပည့်ကြီး''

အမြဲရွှတ်နောက်နောက်နဲ့ပျော်ရွှင်ရွှင်နေတတ်သောခွန်းသဟာ တည်ငြိမ်စွာပဲ ပြုံးနေခဲ့သည်..။

''သူတို့ ဘာလုပ်နေကြမယ်ထင်လဲ''

ဘေးမှာယှဥ်လျက်ထိုင်လာသောစစ်သွင်ကိုပြောလိုက်ခြင်းပင်..။

ကျောင်းခန်းမကြီးတစ်ခုလုံးကစည်ကားနေခဲ့သော်လည်း လစ်လပ်နေသော
Roll1နဲ့ Roll 2 နေရာလေးနှစ်ခုကိုကြည့်ရင်း ခွန်းသစို့နင့်ကာမျက်ရည်ဝဲတတ်လာခဲ့သည်..။

'' လူလိမ်ကောင်တွေ
အတူတူဂုဏ်ပြုမယ်ပြောထားကြပြီးတော့''

စတွေ့တုန်းက ကျောင်းဝန်းထဲ ပေတိပေစုတ်ရုပ်လေးနဲ့ဝင်လာခဲ့တဲ့ကျောင်းသားလေးကို ခွန်းသ သတိရပါသည်..။

တုံးတုံးအအလေးမလို့လိုက်စနောက်မိခဲ့တဲ့ကောင်လေးဟာ ခွန်းသရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်လာပေးခဲ့သည်..။

မောက်မာတယ်လို့အတင်းတုပ်မိခဲ့တဲ့ကောင်လေးကိုရောပဲပေါ့..

အကျင့်စရိုက်တွေကွဲပြားလွန်းတဲ့ကောင်လေးနှစ်ယောက်ဟာ ချစ်သွားမိတယ်လို့သိခဲ့စဥ်က ခွန်းသ ဆွံ့အခဲ့ဖူးပါသည်..။

ယောကျာ်းလေးချင်းကြိုက်တယ်ဆိုတာမျိုးတာတွေကြောင့်မဟုတ်ပဲ ဒီတိုင်းခြားနားလွန်းတာကြောင့်...

ဒါပေမဲ့စစ်မှန်တဲ့ခံစားချက်တွေကိုအပြင်လူခွန်းသပင်ခံစားလို့ရခဲ့ပါသည်..။

နောင့်ကိုကာကွယ်ဖို့ကြိုးစားရင်းလူသတ်မိသွားတဲ့စိုင်းရှန်ဟတ်

မယုံနိင်ခဲ့ပါဘူး..
ဒီအတိုင်း အိပ်မက်ဆိုးကနေနိုးလာတဲ့အခါ
ကျောင်းကိုအပြေးလာမည်.။

ကျောင်းပေါက်ဝမှာသူ့လိုပဲနောက်ကျနေတတ်တဲ့ နောင်နဲ့ဆုံတဲ့အခါ နှစ်ယောက်သားခေါင်းလောင်းမထိုးခင် လှေကားပေါ်အပြေးတတ်ကြမည်..။

ပထမဆုံးအတန်းချိန်မှာ မနက်စာကိုခိုးစားကြတဲ့အခါ ထောင့်ဆုံးမှ စိုင်းရှန်ဟတ်က သူတို့ကိုလှောင်လိမ့်မည်..။

စိတ်တိုတတ်တဲ့နောင်နဲ့ တမင်စတတ်တဲ့ ရှန်ဟတ်ရန်ဖြစ်ကြတဲ့အခါ ခွန်းသအူတက်အောင်ရယ်မောပါလိမ့်မည်..။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now