Unicode🌻
ညနေ4နာရီကျောင်းဆင်းချိန်ပြီးတဲ့နောက် ပန်းချီတန်းတစ်နာရီခွဲစာ သင်ဖို့အချိန်ကိုရောက်ရှိလာပြီဖြစ်သည်...။
ပန်းချီအဆောင်ဘေးက သစ်ရိပ်ပင်တွေဟာစိမ်းစိုမျောလွင့်နေတဲ့ ကျွန်းလေးတစ်ခုနဲ့တူသည်..။အဆောင်ခန်းသို့ စစ်သွင်မဝင်သေးပဲ အပင်တွေအောက်မှာခဏထိုင်ချလိုက်ရင်း သူ့ခေါင်းကိုခဏမျှစိတ်ဖြေခိုင်းထားလိုက်သည်..။
ဟူး..
အသည်းအသန်အပြိုင်အဆိုင် လုတတ်ရသောပန်းချီတန်းမှာ အယောက်ပိုအနေဖြင့်ဝင်လာသော သူ့အားသိပ်အမြင်မကြည်ကြပါ.။.
.ဒါကြောင့်မစခင် အပြင်မှာခဏထွက်နေတာပိုအဆင်ပြေမည်..။
ပျော့ညံ့တယ်ဟုဆိုကြလျှင်တောင် လူတွေရဲ့မလိုသောအကြည့်ကို စစ်သွင် မုန်းပါသည်..။ဒီတိုင်းအရေးမပါတဲ့ ဖြစ်တည်မှုတစ်ခုကိုသာအလိုရှိသည်...။
ဘယ်သူကမှ အထူးတလည်ဂရုမပြုတဲ့
အာရုံစိုက်စရာမလိုတဲ့ ဖြစ်တည်မှုမျိုး''အတန်းပြေးချင်နေတဲ့ ကလေးတွေကို
ဘယ်လိုဆုံးမသင့်လဲ''စစ်သွင် မျက်လုံးအဝိုင်းသားလေးနဲ့မော့ကြည့်မိ.ခိုက်..
စူးရှရိပ်တွေရှိတဲ့မျက်ဝန်းနက်တွေနဲ့ဆုံသည်..။
ညနေခင်းရဲ့ ဆည်းဆာတိမ်တိုက်တွေနောက်ခံထားလို့ မြင့်မားတဲ့အရပ်က လူးလူးလွင့်လွင့်လှန်တင်ထားတဲ့ပျားရည်ရောင်ဆံပင်တွေနဲ့အသက်30အရွယ်ယောကျာ်းတစ်ယောက်ဟာ ကြည့်လိုက်ရုံနှင့် မျက်နှာမလွှဲနိုင်စရာအရှိန်အဝါကိုပေးသည်...။
နှုတ်ခမ်းတို့က ခပ်ပြုံးပြုံးဟန်ရှိနေပါသော်လည်း စစ်သွင်ခေါင်းလေးကိုငုံ့ချလိုက်မိသည်...။..
လူတွေနဲ့စကားပြောဖို့ခက်ခဲတတ်သောသူသည်
ဒီလူနဲ့ဆုံရင် ပိုပိုပြီးပြောမထွက်ဖြစ်လာသလိုပါပင်..။'' ဒီမြက်ပင်လေးတွေကတော်တော်ထူးခြားတယ်ဟုတ်လား ''
''ဗျာ''
နက်ပြာရောက်ရှပ်လက်ရှည်ကိုပင့်ဆွဲတင်ရင်း ဆွဲဆောင်မှုရှိလှသောထိုယောကျာ်းသည် ရယ်သံအနည်းငယ်ရောကာဆိုသည်..။
YOU ARE READING
လေပြည်မရှိသောအရပ် (season2)
RomanceMy second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .