ဤမှအစပြု၍

2.6K 368 38
                                    

.
စကြာဝဠာ မှာအရာအားလုံးကတစ်ပတ်ပြန်လည်နေခဲ့သတဲ့...

အချိန်တွေသိပ်ကိုကြာလွန်းလို့ ဘယ်သူမှသတိမထားမိပေမဲ့ ဒီနေရာကိုပဲပြန်ရောက်ရှိလာတတ်ကြတယ်

ငါတို့ဘယ်သူတွေနဲ့ဆုံတွေ့ဖို့လိုအပ်ခဲ့သလဲ
ဘယ်သူ့ကို ချစ်ခဲ့ဖူးသလဲ

မိုးစက်လေးတွေတစ်ဖက်ပြန်ရွာချချိန်
ပန်းတွေတစ်ဖန်ပြန်ပွင့်ချိန်

သတ်မှတ်ထား တဲ့နေရာ အချိန်မှာ
ငါတို့ဆိုင်တဲ့အရပ်ကို ပြန်ရောက်လာတတ်ကြတယ်..။

နောင်ဆိုတဲ့ငါ့ဘဝကထူးထူးခြားခြားမရှိခဲ့ဘူး..။သာမန်မြို့သေးသေးလေးမှာကြီးပြင်းလာပြီး ထောင့်မကျိုးပေမဲ့စာကြိုးစားတဲ့ကောင်လေးတစ်ယောက်..

ငါ့ကလေးဘဝရဲ့အတိတ်ဆိုးတစ်ခုကိုမေ့ပျောက်ပြီးလွတ်လပ်အပူအပင်ကင်းခဲ့တယ်..

အသက်17နှစ်မှာ မြို့ပေါ်က အကောင်းဆုံးဆိုတဲ့အထက်တန်းကျောင်းမှာပညာသင်ဆုရခဲ့ပြီး မောက်မာချောမောတဲ့အခန်းဖော်နဲ့ဆုံခဲ့တယ်..။

မနာလိုဖြစ်မိပေမဲ့ ငါဝန်ခံပါတယ်..။

သူကငါ့တွေ့သမျှလူတွေထဲမှာအထက်မြက်ဆုံးနဲ့အချောမောဆုံးကောင်လေးတစ်ယောက်ပါပဲ

သူက ဂရုမစိုက်သလိုနေတတ်ပေမဲ့ ငါ့ကိုအမြဲလိုလို ဟင်းချက်ကျွေးတတ်တယ်..။ငါ့စားပွဲကို ရှင်းပေးထားတတ်တယ်..။

မောက်မာအေးစက်သလိုရှိပေမဲ့ အမှိုက်ပုံးထဲက ကလေးငယ်လေးကိုပွေ့ချီပြီးပြေးခဲ့တယ်..။

ရန်ဖြစ်ခဲ့ကြပေမဲ့ သူငါ့ရဲ့ပထမဆုံးအနမ်းကိုယူသွားခဲ့တယ်..။
ငါတို့တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိခင်အချိန်မှာအဲကိစ္စဖြစ်သွားခဲ့တာ...။

ယောကျာ်းလေးအချင်းချင်းဆိုတဲ့ကိစ္စကကြက်သီးထစရာကောင်းပေမဲ့ အဲနေ့ကငါကရင်ပဲခုန်နေခဲ့တယ်..။

ငါတို့ကြားမှာပြဿနာအများကြီးရှိခဲ့ပေမဲ့ သူကအမြဲလိုလိုငါ့ကိုအရင်လိုက်စခေါ်ခဲ့တယ်..။
ကာကွယ်ပေးတယ်...။

အဲဒီနေ့ကိုငါမှတ်မိနေဆဲပါပဲ

Sepလရဲ့ပထမပတ်

ကိစ္စကြီးကြီးမားမားတစ်ခုဖြစ်သွားပြီးတဲ့နောက်မှာ သူငါ့ကိုဒုတိယအကြိမ်နမ်းရှိုက်ခဲ့တယ်..။

''ငါတို့တွဲကြမလား နောင်''တဲ့

ငါတို့အထက်တန်းအောင်လက်မှတ်ယူကြတဲ့နေ့မှာ အဖြေပေးမယ်လို့ပြောလိုက်တယ်.

ငါ့ရဲ့ပျင်းစရာဘဝအနာဂတ်မှာ သူ့ကိုထည့်ပြီးတွေးလိုက်တဲ့အခါ အရောင်စုံသွားသလိုခံစားရတယ်

ငါတို့အထက်တန်းအတူအောင်မယ်
တက္ကသိုလ်အတူဆက်တတ်မယ်
သူကငါ့ရဲ့roomate ထပ်ဖြစ်လာမယ်

ငါအဲလိုပဲရိုးရိုးရှင်းရှင်းတွေးခဲပေမဲ့ အထက်တန်းအောင်မယ့်နေ့မှာ ငါသူ့ကိုတွေ့ခဲ့တဲ့နေရာက တရားရုံးတစ်ခုမှာဖြစ်နေခဲ့တယ်..။

ဝတ်ရုံအဖြူအနက်အစင်းကိုဝတ်ထားတဲ့တရားသူကြီးရယ်

တရားလိုနေရာမှာထိုင်နေတဲ့မိန်းမတစ်ယောက်ရယ်

တရားခံနေရာမှာထိုင်နေတဲ့သူရယ်

တရားသူကြီးကပြောနေခဲ့တယ်

''လူသတ်ရန်ကြံစည်မှု ရာဇသတ်ကြီးပုဒ်မ(#)ဖြင့် လူသတ်မှု ကျူးလွန်သည်ဟုအစွဲခံရသော တရားခံစိုင်းရှန်ဟတ်''

ငါ့မျက်လုံးတွေဝေဝါးနေပေမဲ့ ငါ့ကိုတည်တည်ငြိမ်ငြိမ်ကြည့်နေတဲ့ သူ့မျက်နှာမှာ သိပ်ကိုလှတဲ့အပြုံးလေးရှိနေပြီး ငါသိအောင်ပါးစပ်လှုပ်ပြတယ်

''မောင် အဆင်ပြေတယ်''တဲ့

သူရယ်မောလိုက်ရင် သိပ်ကိုအံ့သြစရာကောင်းအောင်လှကြောင်းငါမပြောပြမိဘူးပဲ..

ငါသာမင်းဆီကိုမရောက်လာခဲ့ရင်
ငါတို့မတွေ့ဆုံဖြစ်ခဲ့ကြရင်

စိုင်းရှန်ဟတ် ဆိုတဲ့သူက ဟိုးအမြင့်ဆုံးမှာ လူတိုင်းအားကျခံရတဲ့နေရာမှာတောက်ပဆုံးရှိနေမယ့်လူတစ်ယောက်

လူသတ်သမားတစ်ယောက်အဖြစ် ဒီနေရာမှာရှိနေရမှာမဟုတ်ခဲ့ဘူး

ဘာ​ကြောင့်များ
ငါ့လိုလူနဲ့ဆုံတွေ့ခဲ့တာလဲမောင်

....

(Author note::
(အခုကစပြီးရှန်ဟတ်နဲ့နောင်ရဲ့ကျောင်းသားဘဝက အတိတ်ကာလဖြစ်သွားပါလိမ့်မယ်
လက်ရှိမှာသူဟာ တရားခံတစ်ယောက်ပါ..လက်ရှိနဲ့အတိတ်ကိုနောက်chapterကနေစပြီး ဖတ်ရပါလိမ့်မယ်..။season1မှာ သေချာလိုက်ဖတ်ခဲ့ဖူးရင် ပန့်ရဲ စာရေးတဲ့Typeကိုသဘောပေါက်မှာပါ.။အဆုံးအစမရှိတဲ့ကတ်တွေကိုစီနေရသလိုplotတွေ ရှုပ်လာပါမယ် ဒါပေမဲ့သေချာဖြည်းဖြည်းချင်းလိုက်ဖတ်ပေးမယ်ဆိုရင်တော့ နားလည်ပါလိမ့်မယ် နောက်ဆုံးမှာအရာအားလုံးကအဆက်အစပ်ရှိပြီး စာဖတ်သူအနေနဲ့ဖြေရှင်းနိုင်မှာပါ)

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now