''ကဲသားလေးခွန်းသ..အတန်းရှေ့ ရှေ့ထွက်ခဲ့ပါဦး''
သင်္ချာဆရာမရဲ့အပြုံးနဲ့အသံတို့ကခွန်းသကို ကြက်သီးမွေးညင်းများတဖြန်းဖြန်းထလျက်ရှိစေသည်..။
''ဒီပုစ္ဆာကိုကြည့်
သားအဖနှစ်ယောက်ရှိတယ်အဖေဖြစ်သူက 1953 ဘယ်နှစ်လပိုင်းမှာမွေးလဲ ပြန်ကြည့်စမ်း
အဖေ့အသက်တောင် 51နှစ်နဲ့5လပဲရှိတာကိုသားအသက်ကဘာလို့ 53နှစ်ထွက်လာတာတဲ့လဲဟမ်''တစ်ခန်းလုံးခွီကနဲရယ်သံတွေထွက်လာလေသည်..။
''ဒီတစ်ပုဒ်လဲကြည့်
တံတားရဲ့အရှည်ကကြ162cmပဲရှိပြီး
ဖြတ်သွားတဲ့လူငယ်အရပ်က1.5မိုင် ''ခွန်းသသွားလေးဖြီးရင်း အဖြေလွှာစာရွက်ကိုပြန်ယူလာခဲ့သည်..။
ဘေးမှာ ခုနထဲကငိုင်ငိုင်ကြီးထိုင်နေတဲ့နောင်ကလည်းဘာဖြစ်နေမှန်းမသိ..
''နေ့လည်စာသွားစားကြမယ် ''
နောင်ကခေါင်းခါရင်းခွန်းသကိုစိတ်ပျက်လက်ပျက်ပြန်ကြည့်နေသည်..။
''ကျွန်တော့်လိုလူကအစားစားဖို့တောင်မထိုက်တန်ပါဘူး ဒီသင်္ချာ အမှတ်နဲ့လူလုပ်လို့တောင်မရဘူး''
ခွန်းသပင်ဇဝေဇဝါဖြစ်သွားကာ နောင့်လက်ထဲကအဖြေလွှာစာရွက်ကိုယူကြည့်လိုက်သည်..။
'97မှတ်''
100မှာ97မှတ်ကလူလုပ်လို့တောင်မရဘူးဆိုရင်6မှတ်နဲ့ကျတဲ့ခွန်းသက မမွေးဖွားလာသင့်တာများလား...
နောင့်ကိုကြည့်ရတာအတော်လေးစိတ်ဖိစီးနေပုံပေါ်သည်..။တကယ်တမ်းဘာကိုမှသိပ်အများကြီးမတွေးတဲ့နောင်ဟာ သူလုပ်ရမယ့်တာဝန်တွေကိုတော့အလေးအနက်ထားလွန်းတဲ့ကောင်လေးဖြစ်သည်..။
အမှတ်နည်းတာနဲ့နောက်ကျောင်းနှစ်ဝက်အတွက် full scholorက သူ့မျက်စိရှေ့တင်ပျောက်ကွယ်သွားတာမျိုးလည်းဖြစ်နိုင်သည်..။
ခွန်းသဆုံးဖြတ်ချက်ချရင်း
''နောင်အရမ်းကြိုက်တဲ့ကြက်သားလိပ်မုန့်ကို ကိုကြီးကရအောင်ယူနိုင်ရင်ရောစားမယ်မလား''
နောင်က ဘာစကားမှပြန်မပြောပေမဲ့မျက်ဝန်းတွေအရောင်လက်သွားလေသည်..။
YOU ARE READING
လေပြည်မရှိသောအရပ် (season2)
RomanceMy second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .