မင်းရဲ့လက်ထပ်ပွဲ

3.3K 264 74
                                    

''တစ်နှစ်မပြည့်ခင်ပြန်လွတ်မှာပါ
ကြိုးစားပေးမယ် ''

စိုင်းရှားယံခိုက်အသံကိုရှန်ဟတ်ကခေါင်းငြိမ့်ကာအသိအမှတ်ပြုသည်..။

''ခင်ဗျားပဲရှိတော့တယ်''

တိုးတိတ်တဲ့လေသံက ရှားယံအားခွေညွတ်လဲစေသည့်ပမာ ကျယ်လောင်တဲ့လက်နက်တစ်ခုကဲ့သို့ပါပဲ..

''ဟင်''

ဟန်မဆောင်နိုင်အောင် ဆွံ့အနေသည့်သူ့အားရှန်ဟတ်က တစ်ချက်လှမ်းကြည့်ကာဆိုသည်..။

''ခင်ဗျားတော့ရှိသေးတာပဲလို့
ကျွန်တော့်ဘက်မှာ''

ပိတ်ချသွားတဲ့သံတိုင်တွေနောက်မှာ အကျဥ်းသားဝတ်စုံကျောပြင်တစ်ခုကပျောက်ကွယ်သွားသည်..။

ရှားယံရဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်မျက်နှာနှင့် ရှန်ဟတ်ရဲ့ မဲ့ပြုံးတစ်ချက်အားဘယ်သူမှ မြင်တွေ့ခွင့်မရတော့..။

ပထမဆုံးပဲ ရှန်ဟတ်က သူ့ကိုလိုလားခဲ့တာ..ရှန်ဟတ်ဆီမှာသူရှိတယ်လို့ပြောခဲ့တာ..

ပထမဆုံးအနေနဲ့ ရှားယံ ပျော်ရွှင်လာသလိုပဲ..။သူ့အချစ်ကိုအသိအမှတ်ပြုခံရတော့မလား..

ဟိုငတုံးကောင်ကိုပထုတ်လိုက်တာမှန်သွားပြီ
ရှန်ဟတ်အပြင်ထွက်ဖို့အမြန်ဆုံးလုပ်ပေးရမယ်..။ပြီးရင်သူနဲ့ရှန်ဟတ် ပဲ ကျန်ရှိတော့မယ်..။

တစ်ဖက်မှာတော့
ဆွေးမြည့်မှောင်မိုက်နေတဲ့အကျဥ်းစခန်းထဲရှန်ဟတ်ခေါင်းချလိုက်သည်..။

မျက်စိတစ်မှိတ်အတွင်းမှာ
သူဟာလူသတ်သမားဖြစ်ပြီး
မေမေ့ကိုဆုံးရှုံးလိုက်ရသည်..။

အမြင့်ဆုံးမှာနေတဲ့သူပြုတ်ကျတဲ့အခါ
အထိနာလွန်းပါသည်..။

သို့သော် ရှန်ဟတ်အံကြိတ်ထားသည်..။
ဒီလောကဓံလောက်ကတော့ သူဘာကိုစိုးရိမ်နေရမည်နည်း

ဖြစ်သမျှကိစ္စတွေက တိုက်ဆိုင်တာထက်ပိုနေမှန်းသူအစောထဲကသတိထားမိခဲ့သင့်သည်..။

နောင့်ဆီမှာပျောက်ကွယ်နေတဲ့ကံကြမ္မာဆိုးဟာပြန်ပေါ်လာသည်..။
မေမေ သည်ရုတ်တရက်သေဆုံးသွားခဲ့သည်..။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now