Part14::ကျောင်းခေါင်းဆောင်ရဲ့ဘဲပေါက်လေး

3.3K 389 109
                                    

'' အခန်းဖော်ကဘယ်သွားနေတာလဲ''

''အဲဒါ သူ့သွားမေးလေ''

ညနေအဆောင်လူစစ်ချိန်မှာ နောင်ဟာ ပြန်ရောက်မလာခဲ့ပေ..။ အဆောင်မှူးဟာ ရှန်ဟတ်ကို တာဝန်အရမေးနေရပေမဲ့ မျက်နှာထားက ဘီလူးကအဖေခေါ်ရမည့်နှယ် တင်းမာပြီး​ကြောက်စရာကောင်းနေတာမလို့ ဆက်မမေးရဲတော့..

''ဟိုလေ အခန်းဖော်ကျောင်းသားလေးက''

စိုင်းရှန်ဟတ်က သရော်ပြုံးပြုံးသည်..။

''အတော်သတ္တိရှိနေတာနေမှာပေါ့ ''

ဒုန်း!!

ပိတ်ချသွားတဲ့တံခါးနောက်မှာ အဆောင်မှူးအသည်းတွေပါသွားသလိုခံစားလိုက်ရသည်..။

ရှန်ဟတ်အခန်းထဲကို ဝင်လာရင်းသူချက်ထားခဲ့တဲ့အေးစက်စက်ညစာတွေကိုလှမ်းကြည့်လိုက်သည်..။

အားရပါးရစားတတ်လေ့ရှိတဲ့အသားပေါင်းကိုသူသေချာပြင်ထားပေးခဲ့တာ..

ပထမဆုံးအနေနဲ့တစ်စုံတစ်​ယောက်ကိုချော့ပေးချင်ခဲ့ပေမဲ့ စိတ်ပျက်စရာဒေါသတွေသာပြန်ရသည်..။

ဒါနဲ့ဆိုနှစ်ခါမြောက်ပဲ
သူ့ကိုလျစ်လျူရှုဝံ့ပြီး အလေးမထားတာမျိုး

စကားပြောဖော်ရှိမနေတဲ့
အိပ်မက်ဆိုးမက်တိုင်းလှမ်းကြည့်စရာကျောပြင်လေးရှိမနေတဲ့တစ်ဖက်အိပ်ရာ

ဒီညဟာအထီးကျန်ပြီးအေးစက်သည်..။

...

ကျောင်းသားတွေ ပြေးလွှားနေကြတာကျောင်းမနောက်ကျဖို့..

မနက်8နာရီထိုးဖို့စက္ကန့်အနည်းငယ်အလို

ပါးမှာပတ်တီးတစ်ဖက်နဲ့ကျောင်းတတ်ရတဲ့ဘဝကအတော်စိတ်ရှုပ်စရာကောင်းသည်..။

''ဒီနေ့ညရော ကိုကြီးခွန်းအခန်းမှာလိုက်အိပ်မှာလား နောင်လေး''

မနေ့က တစ်ညပျက်ကွက်ရင်ဒဏ်ကြေးတပ်ခံရမှာသိပေမဲ့ သူမပြန်ချင်..။
မပြန်ရဲတာပိုမှန်ပေလိမ့်မည်..။တစ်ကျောင်းလုံးကကြောက်ရတဲ့နတ်ဆိုးကောင်ကိုမှ နောင် ..ဟာရန်စထားမိသည်..။

အဆောင်မှာနှစ်ယောက်ထဲရှိနေရင်ဘယ်လောက်အနိုင်ကျင့်ခံရမလဲ

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now