(နောက်တစ်ကြိမ်မောင်... မင်းကိုကာကွယ်ပေးမယ်)

2.8K 242 59
                                    

..
9လပိုင်း15ရက်နေ့

Sundayတိုင်းနှင်းရည်လေးဆီနောင်သွားတွေ့နေကြပင်..။ဒီနေ့လည်းသွားခဲ့သော်လည်းနှင်းရည်အစားမျက်နှာပျက်နေသော သူနာပြုကိုသာတွေ့လိုက်ရသည်..။

''ဆေးရုံပန်းခြံထဲအတူထိုင်ကစားပေးနေတုန်း ရေခဏသွားယူတာ ပျောက်သွားတာပါရှင်တောင်းပန်ပါတယ်
စီစီတီဗီစစ်နေကြပါပြီ''

ထို့နောက်မှာပင်အချိန်ကိုက်ဝင်လာသည့်ဖုန်းသံတစ်ခု..။

'' မတွေ့ရတာကြာပြီ ကလေးလေး''

ဒီအသံ..။ပျို့အန်ချင်စိတ်ကို မရမကပင်ထိန်းချုပ်နေရလေသည်..။

''ဒီကလေးမလေးကလည်း
မင်းလေးငယ်ငယ်ကအတိုင်းချစ်စရာကောင်းနေရော''

''ခင်ဗျား အခုဘယ်မှာလဲ''

ထိုလူက စက်ဆုပ်စရာရယ်သံနဲ့ထရယ်ရင်းဆိုသည်..။

''လိပ်စာအတိုင်းလာခဲ့
ဘယ်သူ့ကိုမှခေါ်မလာနဲ့နော်ကလေး
မဟုတ်ရင် သိပါတယ်''

သူနာပြုဆရာမလေးထံလိပ်စာကိုချပေးလိုက်သည်...။

''နောက်တစ်နာရီနေလို့မှကျွန်တော်ဆက်သွယ်မလာခဲ့ရင် ရဲတွေကိုဒီကိုလာဖို့ပြောပေးပါ''

''ဟုတ်ကဲ့ စိတ်ချပါ..''

10နှစ်ကြာအိပ်မက်ဆိုးကထပ်မံရောက်ရှိလာခဲ့ပြီ..။
ထိုလူ

ထိုလူကိုမတွေ့ရတာ10နှစ်ကျော်မျှရှိပြီဖြစ်သည်အဘယ်ကြောင့်ထပ်မံပေါ်လာရဲပါသနည်း

နောင်တို့မြို့ငယ်လေးမှာ...မနေထိုင်ခဲ့ကြစဥ်က Yမြို့တစ်မြို့မှာ အရင်နေထိုင်ခဲ့ကြသည်..။

ထိုလူသည် .ဖေဖေ့ရဲ့ရုံးမှသူငယ်ချင်းဖြစ်ပြီးနောင်ချစ်ခဲ့ရသောဦးလေးတစ်ယောက်လည်းဖြစ်ခဲ့ပါသည်..

နောင်ကြိုက်တတ်သော သချာ်ပဟေဋ္ဌိကွက်များ ဘောလုံးများဝယ်လာပေးတတ်တာကြောင့် နောင် သိပ်ကိုတွယ်တာခဲ့သလိုမိဘများကလည်း မိသားစုဝင်တမျှ ယုံကြည်စိတ်ချခဲ့ကြသည်..။

သို့သော် ထိုလူသည် Pedophilia Syndrome(အသက်မပြည့်သေးသည့်ကလေးငယ်များအားတပ်မက်သည့်စိတ်ရောဂါ)ရှိနေသူပင်ဖြစ်သည်..။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now