Part15::နတ်ဆိုးပိုင်တဲ့လူ

3.6K 407 86
                                    

နတ်ဆိုးကငါ့ကိုကာကွယ်ပေးတယ်..

''အစ်ကိုခွန်းသ အိပ်မနေနဲ့ဗျာ''

''မအိပ်ပါဘူးကွာ မျက်စိပိတ်ထားရုံပါ
ဆရာမစာသင်နေတာငါအာရုံခံလို့ရပါတယ်''

ပြောရင်နောင့်ပုခုံးပေါ်ငိုက်ကျလာပြန်တဲ့အစ်ကိုခွန်းသ.။မျက်ကွင်းညိုလေးတွေက ထင်းလျက် အတော်လေးအိပ်ရေးပျက်ထားပုံရသည်..။

နောင်ဂရုဏာသက်စွာကြည့်ရင်း နားထင်မွှေးလေးတွေကိုစိတ်ပါလက်ပါဆွဲနှုတ်ပေးလိုက်တဲ့အခါ

''အား...သောက်ကမြင်း''

''ဟဲ့ ခွန်းသ ဘာထဖြစ်တာတုန်းဟယ်''

ဆရာမအားစကားတောင်ပြန်မပြောနိုင်ရှာ..စပ်ပြီးပူထူနေတဲ့နားထင်နှစ်ဖက်ကို တံတွေးနဲ့သပ်ရင်းဘေးကသိက္ခာတော်အပြည့်နဲ့ နားမလည်သလိုလေးကြည့်နေတဲ့နောင်ရိုးသားလေးကို ကြိတ်မနိုင်ခဲမရကြည့်သည်..။

''ဘာမှမဖြစ်ပါဘူးဆရာမ ပုရွက်ဆိတ်ကိုက်လို့ပါ''

မျက်မှန်ကြီးတပ်ထားတဲ့အကောင်လေးလေ

''ထိုင်ထိုင် ''

အတန်းချိန်ပြီးသွားတော့ ထထွက်လာတဲ့ခွန်းသနောက် နောင်ကအပြေးလေးလိုက်ချော့သည်..။

''စိတ်မဆိုးပါနဲ့ဗျာ ဆရာမအဆူမခံရအောင်လို့ပါ''

ဒီနောင်ဆိုတဲ့သတ္တဝါလေးဟာ အေးမလိုလိုနဲ့ကုပ်ကမြင်းဖြစ်မှန်းခွန်းသ သဘောပေါက်ပါသည်..။

စိတ်လျော့ကာ နောင့်လက်ထဲက မုန့်လေးတစ်ခုကိုသာယူစားရင်း

''ထားပါတော့ ဒါနဲ့နှင်းရည်လေးကိုမင်းဒီညနေဆေးရုံမှာသွားကြည့်မယ်မလား''

''အစ်ကိုခွန်းသရောလိုက်မှာမလား''

''ဒီညမအားသေးဘူးကွ''

မနေ့ညကရှုံးဂိမ်းကိုအပြတ်ချေဖို့..

''မုန့်ဖက်ထုပ်လိုက်ရောင်းနေရလို့လား''

ခွန်းသ သီးမလိုတောင်ဖြစ်သွားလေရဲ့.ဒီဟာလေးဒီနေ့အကန်တွေချည်းပြောနေသည်..။

မုန့်လေးတစ်ခုကိုထပ်ယူကိုက်ဝါးလိုက်တော့ ကြက်သားကွက်ကီးမွှေးမွှေးလေးက လျှာထဲထိစိမ့်ဝင်လာသည်..။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now