Part.6

10.2K 1.1K 300
                                    


Unicode

ကျောင်းသွားဖို့ရည်ရွယ်ခဲ့တဲ့ခြေလှမ်းတွေဟာ အဆောင်ဝရှေ့မှာထိုးစိုက်ထားတဲ့ကားနက်တစ်စီးကိုမြင်တာနဲ့ ရပ်တန့်သွားသည်..။

သူ့ကိုနှစ်လိုဖွယ်ရာပြုံးပြလာတဲ့ဦးသုခဟာ ကားတံခါးကိုပါအလိုက်သင့်ဖွင့်ပေးရင်း ဆီးကြိုနှုတ်ဆတ်သည်..။

''အစစအရာရာအဆင်ပြေပါရဲ့လားသခင်လေးရှန်ဟတ်..။ ခေါင်းဆောင်ကမနက်ကျောင်းတစ်ချိန်လောက်ဖျက်ပြီးသူ့ဆီလာတွေ့ဖို့တောင်းဆိုလိုက်လို့ပါ''

''ငြင်းခွင့်မပေးတဲ့တောင်းဆိုမှုပဲမဟုတ်လား..''

အကျပ်ရိုက်သွားတဲ့အစ်ကို ့လူယုံတော်ကြီးဦးသုခကိုကြည့်ရင်းရှန်ဟတ်ထူးပြီးမပြောချင်တော့ပါ..။..
ကားနောက်ခန်းတွင်သာအသာဝင်ထိုင်ရင လိုက်လာပေးလိုက်ပါသည်..။

ထူးခြားစွာတိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ ခြံဝန်းကျယ်ကြီးထဲမှာလူတွေအများအပြားရှိနေသည်ဟု တကယိမထင်ရ..။

စံအိမ်ရဲ့အရှိန်အဝါကို မီးမောင်းထိုးပြနေတဲ့ရှုမောဖွယ်ပန်းပုရုပ်တုတွေဟာ ခြံဝန်းကျယ်ရဲ့နေရာတော်တော်များများမှာရှိနေသည်..။

မိုးဦးဖြစ်တာမလို့တကူးတကယူစိုက်ပျိူးထားတဲ့မြက်ခင်းတွေဟာရေစတွေကပ်ငြိလို့..။

စံအိမ်တံခါးဝကိုကားရောက်တာနဲ့
ကျိူးနွံစွာတံခါးဖွင့်ပေးလာတဲ့ကောင်မလေးတစ်ယောက်က ခေါင်းပင်မမော့လာ..။

လေးစားကြောက်ရွံ့ရိုသေပြနေသည်မှာ စိုင်းရှန်ဟတ်ဆိုတဲ့သူ့ကိုလား..သူ့ ရဲ့အစ်ကို အရှေ့တောင်အာရှရဲ့ စီးပွားရေးကိုလက်ဝါးကြီးအုပ်ထားသည့် ဘုရင်တစ်ဆူ ''စိုင်းရှားယံခိုက် '' ကိုပဲလား..

''စိုင်းလေး မျက်နှာလေးကျသွားသလိုပဲကွယ်''

အိမ်ထဲခြေချခိုက်မှာတင်ပြေးလာဖက်သည့်မေမေ့ကိုရှန်ဟတ်အလိုက်သင့်ပြန်ဖက်လိုက်သည်..။

ချမ်းသာလွန်းသည့်အတန်းလွှာမှအမျိူးသမီးအများစုနဲ့ကွဲပြားစွာမေမေ့ဆီမှာသဘာဝကိုယ်သင်းရနံ ့လေးရှိသည်...။

အဲဒီ ရနံ ့လေးကရှန်ဟတ်ကိုစိတ်အေးချမ်းမှုရော နှစ်သိမ့်မှုပါတစ်ပြိုင်တည်းပေးတတ်တာကြောင့်..။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now