မောင့်အတွက်ရှိပေးပါ နောင်

2.5K 230 34
                                    


''မဖြစ်နိုင်တာ''

လွန်ခဲ့တဲ့တစ်ပတ်ကထိ သူ့ရဲ့ဆံပင်တွေကိုပွတ်ပေးနေခဲ့သော လက်ဖဝါးသည် နွေးထွေးဆဲရှိပါသေးသည်..။

''နောက်မနေနဲ့ ဒါနောက်စရာကောင်းတဲ့ကိစ္စလို့ခင်ဗျားထင်လား''

''ကျွန်တော်မဟုတ်ပဲပြောမယ်လို့ရော သခင်လေးထင်လား''

ကြေကွဲသံကြီးနဲ့ဒရိုင်ဘာကြီးရဲ့စကားသည် ယုံမှားသံသယဝင်စရာမရှိနေပါ..။

ရူးသွပ်မတတ်ဖြစ်သွားသည့်မျက်ဝန်းရဲများသည်ရှန်ဟတ်ထံတွင်ဖြစ်လာခဲ့သည်..။

ခံစားချက်မဲ့သယောင်သခင်လေးရှန်သည် သူ့အမေပေါ်တွင်မည်မျှချစ်ခင်တွယ်တာကြောင်း ငယ်စဥ်ထဲကအတူရှိလာရသည့် ဒရိုင်ဘာကြီးအသိဆုံးပါပေ..။

ငယ်ငယ်လေးထဲကခေါင်းမာတတ်သောသခင်လေးရှန်သည် သခင်မကြီးစကားဆိုလျှင်ငြိမ်ငြိမ်လေးနာခံမြဲပင်..။

ဒါကြောင့်ပဲသခင်မကြီးကအချစ်ပိုခဲ့ရသလို သခင်လေးဘဝရဲ့အချစ်ဆုံးသောအမျိုးသမီးဟာသူ့မေမေဖြစ်ကြောင်းဘယ်သူမ ဆိုသိကြလေသည်..။

...

8လပိုင်း17ရက်နေ့..

ဒီအရာအားလုံးက နတ်ဆိုးတစ်ကောင်ကျီစယ်တဲ့ အိပ်မက်ဆိုးတစ်ခုဆိုဘယ်လောက်များကောင်းလိမ့်မည်လဲ..

အိပ်ပျော်နေသယောင် မှေးစက်နေတဲ့မေမေရယ်

မေမေအကြိုက်ဆုံးလီလီပန်းများသည်လည်းအတူရှိနေခဲ့သည်..။

အမြဲတစေနွေးထွေးလှသည့်မေမေ့လက်ဖဝါးများသည်လည်း ပထမဆုံးအကြိမ်အေးခဲစွာတုန့်ပြန်ခဲ့သည်..။

''မေမေ''

လှမ်းခေါ်လိုက်သော်လည်း

အပြုံးတစ်ခုနဲ့ဘယ်အခါမဆိုတုန့်ပြန်တတ်တဲ့မေမေ့ရဲ့မျက်နှာလေးသည် အခုတော့ အိပ်စက်နေမြဲသာဖြစ်သည်..။

ဘာကြောင့်ရယ်တော့မသိ ရှန်ဟတ်ကံကောင်းသည်ဟုအမြဲခံစားခဲ့ရသည်..။
မေမေရဲ့သားဖြစ်ခွင့်ရခဲ့လို့..။

မေမေချက်ပေးနေကြ အသီးအရွက်ဖက်ထုပ်ပေါင်းကို ထပ်မံစားခွင့်ရတော့မည်မဟုတ်သလို
စိတ်ရှုပ်လာတိုင်း ရှန်ဟတ်တိုးခွေ့အိပ်နေကြရင်ခွင်တစ်ခုကို တစ်သက်တာဆုံးရှုံးလိုက်ရပြီဖြစ်သည်..။

လေပြည်မရှိသောအရပ် (season2)Kde žijí příběhy. Začni objevovat