Part.8

7.7K 698 118
                                    

(Unicode+Zawgyi)

လွန်ခဲ့သော11နှစ်ခန့်က ထူးခြားလှသည့်ငွေဖြူရောင်ဆံပင် ၊ဝါဂွမ်းလေးလိုဖြူဖွေးလှပ၍ကြွေရုပ်ငယ်လေးအလား ချစ်စရာကောင်းလှသော လေးနှစ်အရွယ်ကလေးလေး ရေခဲမုန့်ထိုင်စားနေသည့်သတင်းသည် နာမည်ရသတင်းစာ၏ခေါင်းစီးတွင်ပါလာခဲ့ဖူးသည်..။

မှင်သက်စရာကောင်းလွန်းလှသည့်ကလေးငယ်လေး၏ချောမောချစ်စရာကောင်းမှုကြောင့်မဟုတ်ပဲ ထိုကလေးငယ်လေးထိုင်စားနေရာခုံ၏ မလှမ်းမကမ်းအကွာအဝေးတွင် Accidentဖြစ်ပွားခဲ့သောကြောင့်ဖြစ်သည်..။

ကားနဲ့ဆိုင်ကယ်ယာဥ် တိုက်မှုဖြစ်ပြီးဆိုင်ကယ်သမားသည် သွေးအလူးလူးလွင့်ထွက်ကာ ထိုကလေးငယ်၏1ပေမျှသာဝေးသောနေရာတွေလဲကျသေဆုံးသွားသော်လည်း ကလေးငယ်မှာ ရေခဲမုန့်အစားမပျက်သောကြောင့်ပင်..။

ဖတ်ရှုမိသောလူတိုင်းသည် ဘယ်သူကများနောက်ပြောင်ကျီစယ်ပြီးပြောပါလိမ့်ဟု ထင်ကြသော်လည်း ထိုအခင်းဖြစ်ပွားရာ နေရာမှာလူများကတော့ နောက်နေတာမဟုတ်ကြောင်းသက်သေခံပါလိမ့်မည်..။

သို့သော်ထိုကလေးငယ်မိဘများ၏ ကြောက်ခမန်းလိလိချမ်းသာသည့်အရှိန်အဝါကြောင့် ထိုသတင်းစာသည်ထုတ်ဝေပြီး3နာရီအတွင်း ဖျက်သိမ်းခံလိုက်ရသည်..။

လူသေမှုကြီးကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါသော်လည်း သာမန်ကြုံတွေ့ရသလို စာကျက်မပြတ် TVကြည့်မပျက် အနေအထားမပျက်တဲ့4နှစ်အရွယ်သားလေးကြောင့် မိဘများမှာစိတ်ပူစွာ စိတ်ပညာအကြံပေးဆရာဝန်ကြီးဆီခေါ်သွားကြသည်..။

သူ့ကိုတစ်ပြန်အကဲခတ်နေသည့်ငါးနှစ်သားကြောင့် ဆရာဝန်ကြီးခမျာရယ်ရမလိုငိုရမလို

''သူကပုံမှန်အခြေအနေပါပဲ..သူ့ကိုပြောတာတွေလည်းပုံမှန်ပဲတုန့်ပြန်တယ်..ရန်လိုစိတ်ပျော်ရွှင်စိတ်လေးလည်းရှိတယ်
ဒါပေမဲ့ သူ့စိတ်က ကလေးတစ်ယောက်ထက်ပိုပြီးသန်မာနေတာ..အတွေ့အကြုံရင့်ကျက်နေသလိုမျိုးဖြစ်နေတာပါပဲ
စိုးရိမ်ရတာကတော့
အနိုင်ယူချင်စိတ် တအားကြီးနေတာ သူ့ကိုယ်သူ အားလုံးထက်သာနေတယ်ထင်နေတာဗျ''

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now