Part--33

827 40 9
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--33}
**************💘*************

" ဟင် "

စိုင်း နိုးလာသည်နှင့် သတိထားမိတာက ဦးရင်ခွင်ထဲရောက်နေသည့် ခန္ဓာကိုယ်ကိုပင်

မဟုတ်သေးပါဘူး

တစ်အိပ်ယာထဲအိပ်သော်ငြား အလုပ်နှင့်ဦးက စိုင်းနောက်မှ အမြဲအိပ်တတ်ပြီး ယခုလို ရင်ခွင်ထဲထည့်သိပ်ဖို့မပြောနဲ့ စိုင်းကတိုးဝင်မိရင်တောင် ရှောင်ဖယ်တတ်တဲ့သူ

ခုဟာက စိုင်းကို ထွေးဖက်ထားလိုက်တာ ဦးရင်ခွင်ထဲ မြုပ်မတတ်မို့ ညကအဖြစ်ကို အသေအချာပြန်စဉ်းစားမိနေရင်း

အားးးးးး သွားပြီ

" ငြိမ်ငြိမ်နေကွာ...အိပ်ချင်သေးတယ် "

ဗုဒ္ဓေါ

ဦး မနိုးခင်ထနှင့်ဖို့ စိတ်ကူးဟာ ထိုအသံကြောင့် လှုပ်ပင်မလှုပ်ရဲတော့

ရှက်ရှက်ဖြင့် ဦး ရင်ခွင်ဆီသာ ထပ်တိုးဝင်ရင်း

ကမ္ဘာကတော့ ထိုအပြုအမူလေးကြောင့် နှုတ်ခမ်းထောင့်ချိုးလေး ကွေးတက်သွားလျက်

ရင်ခွင်ထဲမှ ကောင်ငယ်လေး၏မျက်နှာကို ဆွဲမော့စေပြီး နဖူးထက် ဖိကပ်နမ်းရှိုက်မိတော့

" ဦး "

" အင်း "

" ဟို စိုင်း အိပ်ယာထတော့မယ် "

" ဖြည်းဖြည်းပေါ့...ဘာတွေလောနေတာလဲ "

" မဟုတ် မဟုတ်ပါဘူး...ဟို ဦးပဲ ကော်ဖီဆိုင်သွား
  ခိုင်းထားတယ် မဟုတ်ဘူးလား "

" အဲ့ဒီတော့..."

" သွား သွားမလို့လေ "

" အစောကြီးရှိပါသေးတယ် ကွာ !
  ရင်ခွင်ထဲမနေချင်တော့ဘူးလား ဟုတ်လား "

" အဲ့ အဲ့လိုမဟုတ်ပါဘူး ဦးရဲ့ ... စိုင်းက "

" ချစ်တယ် "

" စိုင်းက...ကော်ဖီဆိုင် ! အမ် ဟမ် ဦးဘာပြောတာ "

ကြားတယ် ဒါပေမယ့် မယုံရဲလို့ ထပ်မေးမိတော့

ပြုံးပြနေသည့် ဦး အပြုံးတွေထဲ စိုင်း အခါခါ ကျရှူံးရပြန်တယ်

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now