Part -- 1

4.4K 55 1
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--1}
~~~~~~~~💘~~~~~~~~

" မေမေကြီးရှင့်...ဟင်းပွဲတွေက အသင့်ဖြစ်ပါပြီ "

" အေး အေး...အရံဟင်းတွေရော စုံပြီလား !
  တို့စရာလေးလည်း လှလှလေး ပြင်ရအောင် ဟယ်
   ညည်းတို့ သခင်လေးဂုဏ်က အကောင်းကြိုက်တာ
  သိတယ်မဟုတ်လား "

" နည်းနည်းတောင် မေ့နေပြီ...ကြာနေပြီဆိုတော့ "

" အေးပါ...ပါလာတဲ့လက်ဆောင်တွေ မရဘူးမှတ် "

" မေမေကြီး...သီသီတို့မပါဘူး နော် မေ့တဲ့ အထဲ "

" အဟင်းးဟင်းးး ဘယ်သူမှ မချန်ထားပါဘူးကွယ်
  မေမေကြီး သားသမီးတွေအကုန် ရရမှာပါ "

မေမေကြီးဆိုတာ မျိုးရိုးဂုဏ် စံအိမ်၏ သခင်မကြီး
ဒေါ်နန်းပုလဲချိုသာ ဖြစ်၏။

ဂုဏ်ရှိန်ဝါကြီးသလောက် မောက်မာခြင်းမရှိ

အစဉ်ချိုသာသော အပြုံကိုပန်ဆင်လျက် လူသားချင်းစာနာတတ်သူဆိုလည်း မမှား

" မေမေ...ကျွန်တော်တို့ ကိုကြီးတို့ကြိုဖို့ သွားပြီနော် "

" သားရောပဲ မေမေ "

" ချို...ကို သွားမယ်နော် "

" ကောင်းပါပြီရှင်...ကားကိုဂရုစိုက်မောင်းဦး "

သားအဖ သုံးယောက်ကတော့ မကြာမည်မြန်မာပြည် မြေကို နင်းမယ့် စံအိမ်၏ အကြီးဆုံးသား ဂုဏ်ရှိန်ပြင်းရှ အား သွားကြိုကြတာပင်။

တစ်ဖက်ခြံမှ အဖြူရောင်စံအိမ်တွင်လည်းးးးး

" သား "

ဧည့်ခန်းဆိုဖာတွင် ငူငူကြီးထိုင်နေပါသော သားဖြစ်သူ
ရစ်ဖွဲ့ကောင်းကင် အား ဦးကမ္ဘာဦး ခေါ်လိုက်သော်လည်း ထူးသံကပြန်မလာ။

ဒီကလေး ဘာဖြစ်နေတာလဲ

သားဂုဏ် ပြန်လာမယ်ဆိုတာ သွားမကြိုဘူးလား

ဖုန်းထဲ ဘာကောက်ထားပြန်ပြီလဲ မသိ

" ရစ်လေး "

" အမေ့...ဟာဗျာ ဒက်ဒီကလည်း အားကြီးနဲ့ "

" အမ်...ငါ မင်းကို တိုးတိုးလေးခေါ်တာနော် ရစ်လေး "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now