Part--14

864 13 1
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part-14}
************💘*************

ကမ္ဘာ တစ်ယောက် အစည်းအဝေးကို မြန်မြန်လက်စသတ်ခါ သားရှိရာ ကားကို အမြန်နှုန်းဖြင့်

ရင်ထဲမှာ ပူနေတာက သားကိုစိတ်ပူလို့

တစ်စုံတစ်ယောက်အထင်လွဲသွားတာကိုလည်း စိတ်ထဲနေရတာ မနှစ်မြို့သလိုလို

ဟာကွာ ဒါ ကမ္ဘာဦး စတိုင်လ်မှမဟုတ်တာ

ကော်ဖီဆိုင်တံခါးကို တွန်းဖွင့်ဝင်ပြီး ကောင်တာကို
တစ်ချက်ကြည့်တော့ ကမ္ဘာဝင်လာမှန်းသိမှ တစ်ဖက်လှည့် လုပ်ချင်ရာ လုပ်‌နေမှန်း သိသာသည့် စိုင်း၏ ပုံစံကြောင့် မသိမသာတော့ ပြုံးမိသွားတယ်

" စိုင်း "

" ရစ်...အခန်းထဲမှာပါ "

ကမ္ဘာ့ထံ လှည့်မကြည့်ဘဲ ပြောလိုက်သည်က မျက်ခုံးပင့် အံ့ဩမိပါ၏

ဘာမှဆက်မမေးဘဲ သားရှိရာ အခန်းဆီသာ ဝင်သွားလိုက်တော့သည်။

" သားလေး "

အိပ်ယာထက် မှိန်းနေဟန်ရှိသည့်သားက ကိုယ်တွေ
ပူလို့ ကမ္ဘာ့ခေါ်သံကြောင့် မျက်လုံးဖွင့်လာပေမယ့်
မပွင့်တပွင့်

" သား...သားလေး ! အိမ်ပြန်ရအောင်နော် သား !
  အရမ်းနေမကောင်းဖြစ်နေတာ ပြန်ရအောင်ကွာ "

" ကျွန်တော် ဘာမှမဖြစ်ဘူး ! ဆေးသောက်ထားတယ် အိပ်လိုက်ရင် သက်သာသွားမှာ "

ပြောပြီး တစ်ဖက်လှည့်သွားသည့် သားကြောင့် ကမ္ဘာ ရင်တွေလည်း နာရတယ်။

" သားလေး...ပြန်ရအောင်ပါ သားရယ် !
  ခုတော့...ဒက်ဒီသားလေး နေမှမကောင်းတာ !
  သား မနေချင်ဘူးဆို နေကောင်းတဲ့အခါကျ ဒီမှာ
   ပဲ လာပြန်နေလေ နော် သားလေး "

" ဟုတ်ပါတယ်...ရစ်ရာ !
  မင်း နေကောင်းတော့ ပြန်လာနေလေ ရတာပဲဟာ
  ခုတော့ အိမ်ပြန်လိုက်ပါကွာ နော် ငရစ် "

စိတ်ထဲမကျေလည်သော်လည်း ရစ် ဂျီကျနေမှာ
သိ၍ စိုင်း ဦး အနောက်မှ လိုက်ဝင်လာဖြစ်သည်။

ထင်သည့်အတိုင်း ရစ်က အိမ်ပြန်မလိုက်

ဦး ကလည်း မျက်နှာမကောင်း

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now