Part--20

1.1K 42 6
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--20}
**************💘************

" ကိုကို "

" ဟင်...ပြောလေ baby "

ရေချိုးပြီးစ ကြည်လင်နေတဲ့ မျက်နှာလေးက ဥက္ကာကို ဆွဲဆောင်နေသလိုပဲ

" ထည် ... နားချင်နေပြီ "

ညအိပ်ဝတ်စုံလဲပြီးတာနဲ့ မျက်နှာမကောင်းစွာပြောနေတာမို့ ပျာပျာသလဲ စိတ်ပူရတာလဲ ဥက္ကာပဲဖြစ်ရပြန်တယ်

" နေမကောင်းဘူးလား baby ! လာပါဦး "

ခါတိုင်းဆို ပေါင်ပေါ်ဆွဲတင်ရင် အတင်မခံတဲ့ဟာလေးက ခုကျ ငြိမ်ငြိမ်လေးထိုင်နေသည့်အပြင် ဥက္ကာပခုံးပေါ်တောင် ခေါင်းမှီထားလိုက်သေး

" ဘယ်လိုဖြစ်နေလဲ ...နေဦး ဝဏ္ဏကို ခေါ်လိုက်မယ်
  ကိုယ် စိတ်ပူတယ်ကွာ baby က အဲ့လိုဖြစ်နေတာ
  ကိုယ်ပါ နေလို့အဆင်မပြေဘူး"

ဒီရက်ထဲ လည်ပတ်တာများသွားလို့ နုံးခွေနေတာကို တမင် ဒီလူကြီးကို ချွဲချင်လို့ဟာ အကဲပိုလွန်းတဲ့
ဒီမာဖီးယားကြီးက အကိုဝဏ္ဏကို ခေါ်လိုက်ပြန်ပြီ

" ကိုဥက္ကာ "

" အေး...လာ ! ငါ့ baby ကို ကြည့်ပေးစမ်းပါဦး
  ဘာဖြစ်နေလဲ မသိဘူး ငါ စိတ်ပူလို့ "

ဝဏ္ဏကတော့ ဆရာဝန်တစ်ယောက်မို့ ကိုမင်း ဘာမှမဖြစ်တာ ကြည့်ရုံဖြင့်သိပေမယ့် ကိုဥက္ကာ၏ အကဲပါမှုကို မငြင်းနိုင်စွာပဲ သူစိတ်တိုင်းကျကိုမင်းကို ကြည့်ပေးရတော့သည်လေ။

" ဘာမှစိတ်ပူစရာမရှိပါဘူး...ကိုဥက္ကာ !
  ကိုမင်းက ခရီးပမ်းပြီး ဖြစ်တာပါ ကျွန်တော် ဆေး
  ပေးခဲ့မယ် "

" တော်သေးတာပေါ့...baby က ငါ့ကိုတောင် အရမ်း ကပ်တာမဟုတ်ဘူး ! ခု ကပ်နေတော့ စိတ်ပူ
မိသွားတာ "

" ကိုကိုကလည်း ...အနားမကပ်ရဲသလောက်ပဲ "

" အဲ့လို မဟုတ်ဘူးလေ ထည်လေးရာ !
  အရင်က အရမ်းကြီးကပ်တာမှမဟုတ်တာ !
  ခုက ငြိမ်လည်းငြိမ် ကပ်လည်းကပ်ဆိုတော့ "

" ကဲ ကဲ ...ပြီးမှ ဆက်ငြင်းကြ !
  ရော့...ဆေး ! သေချာဝင်အောင် တိုက်လိုက် "

" အေးပါကွာ...ဪ ဝဏ္ဏ !
  သေချာပြင်ဆင်ထားဖို့ တပည့်တွေကို ပြောထား
  ဒါက အရေးကြီးတဲ့ ခရီးစဉ်မို့ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now