Part--5

838 19 0
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--5}
**************💘************

" သား...အရမ်းနာနေလား ဒက်ဒီကလေးလေး"

အသက် အစိတ်ကျော်နေပေမယ့်လည်း ပါးပါးသွယ်သွယ် ခန္ဓာကိုယ်လေးဖြင့် သားကို ကမ္ဘာ ကလေးတစ်ယောက်လို အမြဲယုယခဲ့ရတာ

မနေ့ညကမှ စိတ်တွေလွတ်ထွက်ပြီး အသိလက်လွတ် ရိုက်နှက်မိခြင်းဖြစ်သည်။

ရိုက်ဖို့မပြောနှင့် လေသံမာမာဖြင့်တောင် မဆက်ဆံခဲ့ဖူးတာမို့ သား ကြောက်မည်ဆိုလည်း ကြောက်စရာပါပဲလေ

ကမ္ဘာ မေးတာကိုမဖြေဘဲ ထွေးဖက်ထားသည့် အတိုင်း ငြိမ်သက်နေသည့် သားကြောင့် စိတ်ထဲမတင်မကျဖြစ်ရင်း

" သား ...ရစ်လေး "

" ဗျာ "

" ဒက်ဒီ မေးနေတာလေ သားရဲ့ "

" လတ်တလတ်ဆတ်ဆတ်ကြီး ရှိသေးတာကို
  နာတာပေါ့ !
  ဒက်ဒီ သားလက်ကိုလည်း တက်နင်းတာ !
  သား ဒီလောက် တောင်းပန်နေတာကို မရဘူး "

" သားရယ် "

ကမ္ဘာ ဘာစကားမှ ဆက်မပြောနိုင်

သားကိုသာ ထွေးဖက်ရင်း ကျမိသည့်မျက်ရည်က
နာကျည်းမှုတွေ ရောယှက်ပါ‌နေခဲ့တာတော့ ကာယကံရှင် မိမိသာ အသိဆုံးဖြစ်၏

ပြန်မတွေးချင်သော အတိတ်တွေက ကမ္ဘာ့နှလုံးသားကို ခုထိ ရိုက်ခတ်ဆဲပါပဲ

" ငရစ်ရေ...ခေါက်ဆွဲရပြီဟေ့ "

အသံနှင့်အတူ အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲပန်းကန်ကို ကိုင်ပြီး ဝင်လာသည့် စိုင်းက သားအဖနှစ်ယောက်၏ ပုံစံကြောင့် အားနာသွားမိတယ်

" ခေါက်ဆွဲရပြီတဲ့ သားရေ !
  စားလိုက်ဦးနော် သား ရစ်လေး !
  ဒက်ဒီ ကုမ္ပဏီကိစ္စ ဖုန်းစကားပြောလိုက်ဦးမယ် "

" ဟုတ်...ဒက်ဒီ "

မွန်းကြပ်လာသည့် စိတ်အစဉ်ကြောင့် ခဏရှောင်ချင်မိတာ အတော်ဖြစ်သွားတာမို့ အကြောင်းပြချက်ဖြင့် အခန်းထဲမှ ထွက်ခဲ့လိုက်တော့သည်။

" ဒက်ဒီ...ကုမ္ပဏီမသွားရဘူးနော် "

ကျောနောက်မှ ကပ်ငြိပါလာသည့် မဝံ့မရဲ အသံလေးကြောင့် လက်တစ်ဖက်ထောင်ပြမိလျက်

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now