Part--7

729 17 0
                                    

💘ရင်ကိုခွင်းတဲ့သု့အချစ်မြှား💘{Part--7}
*************💘*************

" ကိုကြီး "

နာကျင်ဝမ်းနည်းမှုတို့ ရောပြွန်းနေသော ခေါ်သံလေးက စေ့စပ်ပွဲလုပ်နေသည့် မျိုးရိုးဂုဏ် စံအိမ်၏ ဧည့်ခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာစဉ်

" မင်းးး "

" ကိုကြီး...တကယ်ပဲ ရက်စက်လိုက်တာဗျာ "

" ရစ်ဖွဲ့ကောင်းကင်...မင်း ငါ့သိက္ခာကို လာချနေတာလား...ဒါ ငါ့ စေ့စပ်ပွဲနော် ထွက်သွား "

" မနှင်ပါနဲ့...ရစ်လေးသွားမှာပါ !
  တစ်ခုပဲ မေးပါရစေ ရစ်လေးကို တကယ်ပဲ
  ကိုကြီး မချစ်ခဲ့ဘူးလား ဟင် "

ဒီမေးခွန်းအတွက် ဖြေရန်အဖြေဟာ ဂုဏ့်တွင်မရှိပါ။

မဖြေချင်တာဆို ပိုမှန်မယ် ထင်ပါရဲ့

မျှော်လင့်ချက် မျက်ဝန်းတစ်စုံ၏ ငံ့လင့်နေမှုကို
တစ်ချက်ကြည့်ရင်းးးး

" ငါ...မင်းလို ဂေးမဟုတ်ဘူး ရစ်ဖွဲ့ကောင်းကင် !
  ငါက straight ပါကွ !
  ငါ့ကို ကျေးဇူးပြုပြီး လူကြီးစုံရာရှေ့ သိက္ခာမချပါ
  နဲ့တော့ လား "

" ကိုကြီး...ခင်ဗျား ဗျာ !
  ဒါဖြင့်...ရစ်လေးကိုပေးခဲ့သမျှ နွေးထွေးမှုတွေ
  အားလုံးက ဘာလဲ ဟမ် ခင်ဗျားဖြေစမ်းပါ "

" ငါ့ ညီအရွယ်မို့ ငါ တယုတယ ဆက်ဆံပေးတာ
  မင်းအတွက် ဆန်းပြားသွားတယ် ထင်တယ်ကွ
  သေချာမှတ်သွား ရစ်ဖွဲ့ကောင်းကင် !

  ငါ့မှာ ဝတ်လွှာဖြူ ဆိုတဲ့ ချစ်သူ အစကတည်းက ရှိပြီးသား
  ခု ငါတို့ စေ့စပ်ပွဲကို မင်းလာနှောက်နေတာကိုက
  အတော်တရားလွန်နေပြီ

  မင်းးး သွားလိုက်တော့ ထွက်သွား "

ပြင်းထန်သည့် နှင်လွှတ်သံအဆုံး ချာခနဲ လှည့်ထွက်သွားသည့် ရစ်ဖွဲ့ကောင်းကင် ....

နှလုံးသားထဲက နာကျင်မှုကြောင့် ခြေလှမ်းတွေဟာ ယိမ်းထိုးနေသော်လည်း ရပ်တန့်ဖို့သတိမရ...

မထင်ခဲ့မိဘူး

အချစ်တွေဟာ လက်ခံသူမရှိဘဲ နင်းချေခံလိုက်ရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now