Part--18

1.2K 41 10
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--18}
**************💘*************

" သားလေး အိပ်သွားပြီလား ဝဏ္ဏ "

" အိပ်သွားပြီ...ကိုဦး ! ကျွန်တော်ပဲ အနားမှာနေပေး
  လိုက်ပါ့မယ် !
  ကိုဦးလည်း လက်ကဒဏ်ရာနဲ့ ဆိုတော့ နားပါ "

" ဖြစ်ပါ့မလားကွာ...တော်ကြာ တစ်ရေးနိုးလို့မှ
  ဒက်ဒီရေဆို ပွက်လောရိုက်ကုန်မယ်နော် !
  ဒီကလေးက ငါတို့ကို ပြန်ကလဲ့စားချေနေသလိုပဲ
  အရမ်းကို ဂျစ်တိုက်လာတာ မင်းလည်း သိသား
  မဟုတ် လား "

ကိုဦး စကားကြောင့် ဝဏ္ဏ အသာအယာပြုံးမိရင်း

" ဂုဏ့်ကိုလည်း ပြန်လက်ခံအောင် ကျွန်တော်တို့ပဲ
  ကူညီမှရတော့မယ် ထင်တယ် ဗျာ "

" ဟင်းးးးးးးး အေးကွာ ! အဲ့လိုပဲ လုပ်ရမလို
  ဖြစ်နေသလား မသိတော့ဘူး ကွာ "

ဝဏ္ဏရော ကမ္ဘာပါ ဘာဆက်ပြောရမှန်းမသိသလို
ခေါင်းငိုက်စိုက်ချ နေကြရာမှ

" ဦး "

" ဟင် "

" ဆေးသောက်ရမယ်လေ...ရစ်နားမှာ နေမှာဆို
  အရင် ဆေးသောက်မှပေါ့ ဦးရ "

ဆေး နှင့် ရေဖန်ခွက်လေးကိုင်ကာ ရောက်လာသော စိုင်း အပြုအမူကြောင့် ကမ္ဘာ့မှာ ဝဏ္ဏရှေ့တွင်
မျက်နှာမထားတတ်အောင်ဖြစ်နေလျက်

ဝဏ္ဏကတော့ ပြုံးစိစိပဲလုပ်ခါ

" ကျွန်တော် ဂုဏ်နဲ့ စကားသွားပြောလိုက်ပါဦးမယ်
  ကိုဦး နဲ့ စိုင်း တို့ ခဏ စောင့်နေပေးနော် "

" ဟင်...အင်းပါ "

" အေးဆေးသာပြော...အကိုဝဏ္ဏ ! ရတယ် "

စိုင်းစကားကြောင့် ဝဏ္ဏက အပြုံးမျက်နှာဖြင့် အခန်းထဲမှ ထွက်သွားပေမယ့် ကမ္ဘာကတော့ မကြည်သလို ကြည့်နေပြီး

ဘာမှလဲ မပြောမိတော့

အိပ်ယာထက်တွင် မျက်လုံးလေးတွေမို့အစ်သည်အထိ ငိုထားလို့ ဖောင်းနေသည့် သားရစ်လေးကိုသာ ငေးနေမိလျက်

ဂုဏ် နှင့် ဘယ်လို အဆင်ပြေအောင် လုပ်ပေးရမလဲဆိုတဲ့ အတွေးတွေသာ ကြီးစိုးနေရင်း

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now