Part--9

685 11 0
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--9}
**********💘************

ကိုဝဏ္ဏ နှင့် အတူ လိမ္မော်ခြံတွေဆီ လိုက်လာရင်း
ရစ် တစ်ယောက် ငိုချင်စိတ်ကို မြိုချထားရတာ
အတော်လေး ခံရခက်နေခဲ့တယ်။

နေပူပူမှာ အပင်ခြေရင်းမှ မြက်တွေကို ရှင်းရတာ
ရစ် အိပ်မက်တောင်မမက်ခဲ့ဖူးသောအလုပ်တစ်ခု

အသီးစွတ်တဲ့အလုပ်ဆိုရင်တောင် ရစ် အခုလောက် ပင်ပမ်းမည်မထင်

ဘယ်အငြှိုးနဲ့များ ရက်စက်နေပါလိမ့် ဒက်ဒီရယ်

ရစ်လေး အရမ်းပင်ပမ်းတယ်

" ဟိတ်...အလုပ်လုပ်လေ ! ဘာထိုင်လုပ်နေတာလဲ "

တစိမ်းတစ်ယောက်ဆီမှ ရင့်သီးစွာ အပြောခံလိုက်
ရ၍ နဂိုရ် စိတ်ရိုင်းလေးက ထကြွလာကာ

" မလုပ်တော့...မင်းအပူပါလား မင်းကိစ္စလား
  ဆရာကြီးလား မင်းက "

" ဘာကွ...!
   မင်း မလုပ်ဘဲနေတာကို သခင်ကြီးရဲ့
   ဘယ်လက်ရုံး နဲ့ ညာလက်ရုံးက မြင်သွားရင်
   အသေအရိုက်ခံရမှာစိုးလို့ စေတနာနဲ့ သတိပေး
   နေတာကွ ကောင်လေးရ "

ထိုသို့ ပြေလည်စွာ ပြန်ရှင်းပြတော့မှ ရစ်လည်း အားနာမိကာ

" တောင်းပန်ပါတယ်...ကျွန်တော် ရုတ်တရက်
  စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ အကို "

" မလိုပါဘူးကွာ...
  မင်းပုံစံက ဒီနေရာနဲ့လည်း မအပ်စပ်ပါဘူး
  သခင်ကြီးနဲ့ တစ်ခုခုငြိထားတဲ့ မိသားစုကလား "

" ကျွန်တော်က ဦးကာရဲ့ တူပါ !
  ကျွန်တော် ဒက်ဒီ မကြိုက်တာကို လုပ်မိလို့
  ဒက်ဒီက အပြစ်ခံယူဖို့ ပြန်သုံးသပ်ဖို့ဆိုပြီး ဒီကို
  လွှတ်လိုက်တာပါ "

" ဟေ...ကောင်လေးက ဘာအပြစ်တွေများ
  လုပ်ထားလို့တုန်းကွ "

" ဟေ့...ညာလက်ရုံးကြီး လာနေပြီ "

အလုပ်သမားတစ်ယောက်၏ သတိပေးစကား
ကြောင့် ကိုယ့်အလုပ်ကို ပြန်လုပ်ရင်း

ရေကြည်ဖု တွေထပြီး ပေါက်ပြဲနေပြီဖြစ်သည့် လက်ဖဝါးနုနုကြောင့် စပ်ဖျင်းဖျင်းဝေဒနာကို ခံစားရင်း မျက်ရည်တို့က မြေပြင်ပေါ် ပေါက်ခနဲ

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now