Part-- 25

949 39 4
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--25}
*************💘*************

" အဟင့်...ဒက်ဒီ ပြန်မလာသေးဘူးလား လို့ "

ငိုရင်းနဲ့ပဲ ဂုဏ့် ပေါင်ကို ခေါင်းအုံးလို့ အိပ်ပျော်သွားသည့် ကလေးက ဆတ်ခနဲ ထထိုင်က အလန့်တကြားမေးလာ၍

" လာခါနီးပါပြီ...ကလေးရ ! တိတ် တိတ်
  မငိုရဘူးလေ ...ပင်ပမ်းနေပြီ တော်တော့ "

အချိန်က ည ၁၀ နာရီဖြစ်နေပြီမို့ ဂုဏ်ပါ စိတ်ပူစ
ပြုလာခဲ့တာပင်

လူနာသတင်းမေးတာက အခုလောက် မကြာနိုင်

သူ့သားအကြောင်းအသိဆုံးဖြစ်တဲ့ ကိုဦးကလည်း
အချိန်နောက်ကျထိ နေမှာမဟုတ်

ခုဟာက လိုတာထက်ပိုကြာနေတာ မဟုတ်ဘူးလား

" စိတ်ထဲနေလို့မကောင်းဘူး...ဦးရှ ရဲ့ !
  ဒက်ဒီ ကို ဖုန်းခေါ်ပေးပါဦးလို့ ဟင့် ဟင့် "

" အင်းပါ...ကလေးရာ ! ခေါ်ပေးပါ့မယ် "

ဘယ်နှစ်ကြိမ်ခေါ်ခေါ် စက်ပိတ်ထားသည်က ပြောင်းလဲ မသွား

ဟူးးး ဘယ်လိုတွေ ဖြစ်နေပါလိမ့် ကိုဦးရာ

" တီ တီ တီ "

" ဟော...ဒက်ဒီ ပြန်လာပြီ "

ကားဟွန်းသံကြားသည်နှင့် အိမ်ရှေ့ဆီ အပြေးထွက်သွားသည့် ကလေး

" ဒက်ဒီ "

ကားပေါ်မှ ဆင်းလိုက်တာနဲ့ ကမ္ဘာ့ဆီ အပြေးရောက်လာသော သားကို ထွေးဖက်ရင်း

" ဒက်ဒီနောက်ကျသွားတယ် သားလေးရယ် !
မျက်နှာလေး မော့ပါဦး ! အရမ်းငိုထားတာပဲ
ဟုတ်လား သား "

" ဟုတ်တယ်...ဒက်ဒီက အရမ်းနောက်ကျနေတာ
  သား စိတ်ပူတယ်လေ ! ထားပစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဒက်ဒီရဲ့ အဟင့် "

" သားရယ်...ဒက်ဒီက ဘာလို့ ထားပစ်ခဲ့ရမှာလဲ
  မဟုတ်တာကိုကွာ ! လာ အိမ်ထဲဝင်ကြစို့ ...
  ဪ...ဂုဏ် လာစောင့်ပေးနေတာလား "

သားဇောဖြင့် ကိုဦးက အိမ်ဝမှာရပ်နေတာကြာပြီ
ဖြစ်သည့် ဂုဏ့်ကို အခုမှမြင်ဟန်ဖြင့် မေးလာ၍
အပြုံးဖြင့် ခေါင်းငြိ့မ့်ပြမိပါရဲ့

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now