Part--34

794 29 2
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--34}
*************💘*************

" တီ တီ "

တော်ဝင်နန်းမြိုင်စံအိမ်ထဲ ဟွန်းသံပေးပြီးဝင်လာသည့် ကားအဖြူလေးက အိမ်ရှေ့ဆင်ဝင်အောက်တွင် ငြိမ့်ငြိမ့်လေးထိုးရပ်သွားပြီး

မောင်းသူဘက်ခြမ်းတံခါးကိုဖွင့်ပြီး ဆင်းလာသူက

" ဟင် ...ကလေး "

ဝှီးချဲပေါ်မှ ဂုဏ်မှာ ထ‌လည်းမပြေးနိုင် ရင်ဆိုင်ဖို့လည်း မဝံ့ရဲတာမို့

တကယ်ပဲဘာလုပ်ရမှန်းမသိတဲ့ အနေအထားဖြင့် အသံတိတ်ပြာယာခတ်နေတုန်း

" ပြေးရင်လည်း လွတ်အောင်ပြေးရတယ် ဦးရှ "

နေကာမျက်မှန်ကို စတိုင်လ်ကျကျချွတ်ရင်း ဂုဏ့်ဝှီးချဲ၏လက်တန်းပေါ် လက်နှစ်ဖက်ထောက်လို့ ခပ်မဲ့မဲ့အပြုံးဖြင့် ပြောလိုက်သည့် ကလေးကြောင့်

" ကိုယ် "

" ရစ်ဖွဲ့ကောင်းကင်ဆိုတာ ကောင်းကင်တစ်ခုလုံးကိုတောင် ရစ်ပတ်နိုင်တဲ့ အစွမ်းရှိရင် မြေပြင်မှာ
ရှိနေတဲ့ ဦးဂုဏ်ရှိန်ပြင်းရှဆိုတာ လက်ခုပ်ထဲက ရေ
သာသာပဲဆိုတာ ဘာလို့ မတွေးထားရတာလဲ "

" ကလေးကွာ "

" အရမ်းချစ်တယ် "

" ဟင် "

နွေးခနဲဖြစ်သွားသည့် နဖူးပြင်ထက်မှ အထိအတွေ့က နာကျင်လွမ်းဆွတ်ရသမျှကို ချေဖျက်နိုင်စွမ်းပါရဲ့

ကိုယ့်ကို မမုန်းဘူးလား ကလေးရယ်

" မမုန်းပါဘူး...သိသိချင်းတော့ စိတ်နာမိတယ် !
  ဒါပေမယ့် ဦးရှနေရာမှာ ရစ်လေးဆိုလည်း အဲ့လို
  အတွေးမျိုးပဲတွေးမိမှာလေ !
  မမုန်းဘူး အရမ်းချစ်တယ်...ဦးရှ ဖြစ်နေလို့သာ
  အရမ်းပဲချစ်နေမိတာထင်တယ်ဗျ "

" ကလေးရယ်...ကိုယ်လေ ဒီဘဝနဲ့တော့ "

" ဘာဖြစ်လဲ...ရစ်လေးပြုသမျှ နုလိုက်ပေါ့ !
  ဟားးဟားးးဟားးး "

" ကောင်လေး "

ခန့်မှန်းရခက်သည့် အပြုအမူအပြောအဆိုတွေနဲ့ ကလေးကို အံ့ဩစွာငေးမိတုန်း အသံနှင့်အတူ ဝင်လာသူက ကိုဝဏ္ဏ

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Donde viven las historias. Descúbrelo ahora